Arc 5.20

5.3K 799 26
                                    

Unicode

ကျင်း​ရှောင်ယွီက ​စိတ်မသက်မသာခံစား​နေရပြီးဆေးရုံ၀င်းထဲက​နေထွက်လာခဲ့တယ်
သူမက ​ပေ့ကျဲကိုမ​တွေ့ရဲတာ​ကြောင့် အိမ်ကိုပဲပြန်လာခဲ့လိုက်တယ်

ကျင်း​ရှောင်ယွီက အိမ်​​ပြောင်းသွားပြီ
အဲ့ဒါက အဆင့်မြင့်သီးသန့်အိမ်တော်တစ်​ဆောင်​တော့မဟုတ်​ပေမယ့် အထက်တန်းလွှာ​တွေ​နေကြတဲ့ ပတ်၀န်းကျင်မှာပဲ

ကျင်း​ရှောင်ယွီအိမ်ပိုပြန်​ရောက်တဲ့အခါမှာ အမျိုးသမီး၀တ်အတွင်းခံ​တွေကကြမ်းပြင်​ပေါ်မှာပြန့်ကြဲ​နေပြီး သူမဖခင်ရဲ့ အခန်းထဲက​နေ ထူးဆန်းတဲ့အသံ​တွေထွက်နေတယ်

ကျင်း​ရှောင်ယွီက အခန်းတံခါးကို ​ဒေါသတကြီးဆွဲဖွင့်လိုက်တယ်

"ဘာ​တွေဖြစ်​နေကြတာလဲ..."

ကျင်း​ရှောင်ယွီကိုရုတ်တရပ်မြင်လိုက်ရတာ​ကြောင့် ကျင်းလူကြီးမင်းက အလန့်တကြားဖြစ်သွားကာ သူ့​အောက်မှာရှိ​နေတဲ့မိန်းမကလည်း အလန့်တကြား​အော်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်ကို ​စောင်​တွေနဲ့ဆွဲဖုံးလိုက်တယ်

ကျင်းလူကြီးမင်းက သူ့ခန္ဓာကိုယ်ကို ​ခေါင်းအုံးတစ်လုံးနဲ့ အလျင်အမြန်ကွယ်လိုက်ပြီး ရှက်ရွံ့စွာ​ပြောတယ်

"​ရှောင်ယွီ...သမီး ဘယ်လိုလုပ်ပြန်လာတာလဲ.."

'ဒီ​နေ့က ဗုဒ္ဓဟူး​နေ့မဟုတ်ဖူးလား..!! '

ကျင်း​ရှောင်ယွီက ဒီ​နေ့ အဖွဲ့လိုက်ခရီးတစ်ခုထွက်ရမယ်လို့ သူမရဲ့အ​​ဖေကို မ​ပြောထားမိဘူး
ပြီး​တော့ ​ကျောင်းကလည်း အ​ရေးမပါတဲ့​ကျောင်းသား​တစ်​ယောက်ရဲ့မိဘကိုဒီအ​ကြောင်း သတိ​ပေးထားမှာမဟုတ်ဖူး

"အ​ဖေ​ပြော​တော့ အ​မေ့အပြင် တခြားမိန်းမမထားပါဘူးဆို!!!!အခုကဘာလဲ!!!"

ကျင်း​ရှောင်ယွီက ​ဒေါသတကြီး​အော်​ပြောတယ်
.
'အ​မေ့ရဲ့အသုဘမှာတုန်းက သူ​နောက်မိန်းမထပ်မယူဘူးလို့ ကျန်​ပြောခဲ့တယ်..အခုကဘာလဲ...ငါကဘာ​တွေမြင်နေရတာလဲ...'

"​ရှောင်ယွီ...."

ကျင်းရှောင်ယွီက ကုတင်​​ပေါ်ကမိန်းမကို စူးစူး၀ါး၀ါးကြည့်လိုက်ပြီး  ဆံပင်ကို​စောင့်ဆွဲကာ ပါးရိုက်​တော့တယ်
"အပျက်မ!!!! နင်ကများ ငါ့အ​ဖေကို မြှူဆွယ်ရဲတယ်​ပေါ့..သူ့ပိုက်ဆံ​တွေကိုမက်လို့မလား...ငါသိတယ်...."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now