Arc 6.24

3K 548 9
                                    

Unicode

ရှီရှန်းက​မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုမတက်​တော့ဘူး ဇာတ်လိုက်၂​ယောက်အီစီကလီလုပ်​နေကြတာကိုစိတ်ရှည်သည်းခံစွာကြည့်နိုင်ဖို့ ​ကောင်းမွန်တဲ့ခန္တီတရား သူမမှာမရှိဘူး  ရှီရှန်းက မိ​ထွေးလိုစာ​ရေးဆရာမဖြစ်တာ​ကြောင့် ဇာတ်လိုက်မကိုအလွန်အမင်းပစား​ပေးထားလွန်းတဲ့၀တ္ထု​တွေကသူမအတွက်​တော့ တကယ်စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်းလွန်းတယ်

ည​နေ ရှီရှန်းအိမ်ကိုပြန်​ရောက်​တော့ ဂိမ်းရဲ့update​တွေပွင့်သွားပြီ
World chatထဲမှာ လကုန်ရင်ကျင်းပ​တော့မယ့် ပထမဆုံးမဟာမိတ်စစ်ပွဲအ​ကြောင်း​ဆွေး​နွေး​နေကြတယ်
ကြယ်စင်တစ်သိန်းတာ၀ါကလည်း အထပ်၁၂၀ထိတိုးမြှင့်လိုက်ပြီ

ရှီရှန်းကဖိုရမ်ထဲကိုသွားကြည့်လိုက်​တော့ အရင်တစ်ခါက ဂယက်ထခဲ့တဲ့ စန်းယွီရဲ့အတင်းအဖျင်း​တွေက ​ပျောက်ကွယ်သွားပြီ
'ပျင်းစရာ​ကောင်းလိုက်တာ...တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ချက်ကျလက်ကျတိုက်ခိုက်မှ​ပေါ့...သနားစရာပဲ...အား​ပျော့လွန်းတယ် '

ရှီရှန်းကဂိမ်းထဲကိုပြန်သွားပြီး မင်ရည်ရှာ​ဖွေသူဆီစာပို့လိုက်တယ်

Private chatထဲတွင်
မိုင်တစ်​ထောင်​တေးဂီတ : [ ​ယောက်ျား​ရေ...ရင်းနှီးမှုအမှတ်​တွေ သွားတိုးကြရ​အောင် ]

မင်ရည်ရှာ​ဖွေသူ : [ စကားကိုလူလို​ပြော ]

'​ဟေး!!..ငါဘယ်တုန်းက ​ခွေးလို​ပြော​နေလို့လဲ '

မိုင်တစ်​ထောင်​တေးဂီတ : [ ​ခွေး​ကောင်​လေး!! ..အမြန်လာစမ်း.. ရင်းနှီးမှုအမှတ်​တွေသွားတိုးကြမယ်.. ငါcouple skill​တွေသုံးချင်လှပြီ ]

Couple skill​တွေသုံးဖို့ဆိုရင် ရင်းနှီးမှုရမှတ်က အတိုင်းအတာတစ်ခုထိများဖို့လိုတယ်

မင်ရည်ရှာ​ဖွေသူ : [ Fallback Valley ကိုဩ​ဒိနိတ် 331,465]

မင်ရည်ရှာ​ဖွေသူ က တစ်​ယောက်တည်းရှိ​နေတာမဟုတ်ဘူး သူ့​ဘေးမှာ အမြတ်ကြီးစားသူလည်းအတူရှိ​ပြီး  သူတို့၂​ယောက်ကလည်းprivate chatထဲမှာစကား​ပြော​​နေကြတာဖြစ်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now