Arc 7.20

4K 662 32
                                    

Unicode

ရှီရှန်းက ပုကျင်းယွင်ရဲ့ဒဏ်ရာကိုစည်းပေးပြီးတဲ့နောက်ပိုင်းမှာသူမကန်လိုက်တဲ့အဖေဆီပြန်လာတယ်

ရှီရှန်းကသူမနဲ့တိုက်ရိုက်မရှင်းပဲနဲ့ဘာကိစ္စ ပုကျင်းယွင်ကိုဆွဲထည့်နေတာလဲကိုသူမ မသိလိုက်ဘူး

ပြီးမှရှီရှန်းက ရှန့်အကြီးအကဲမှာ ဒဏ်ရာဆိုးဆိုးရွားရွားရထားဆိုတာသိလိုက်တယ်

'တော်ဝင်မိသားစုကရှန့်အိမ်တော်ရဲ့နောက်ခံကိုလိုချင်တယ်ပေါ့လေ,ဒီလူက အပြန်အလှန်အ​နေနဲ့ဘာပြန်​တောင်းဆိုလဲမသိဘူး...ဘာပဲဖြစ်ဖြစ်​ကောင်းတဲ့ကိစ္စ​တော့မဟုတ်​​လောက်ဘူး..'

ရှီရှန်းကဘာဖြစ်နိုင်လောက်လဲဆိုတာကိုဆက်တွေးနေတယ်
,'အဲဒီဇာတ်လိုက်ကောင်ကတော့ရှန်အိမ်တော်ကိုဆန့်ကျင်ဖို့လုပ်နေတာပဲအသုံးတော့ဝင်သားပဲ,သူဖျက်ဆီးဖို့လုပ်လေလေငါကအကျိုးထူးလေလေပဲဆိုတာကိုသိရင်သူ့မျက်နှာဘာဖြစ်သွားမလဲဆိုတာကိုသိချင်လိုက်တာ'

ရှန့်အကြီးအကဲက သူမအတွေးလွင့်နေတာကိုအခွင့်ကောင်းယူလိုက်တယ်,ရှီရှန်းက အသိပြန်ဝင်လာတဲ့အခါမှာရှန့်အိမ်တော်မှာလူတွေပြည့်နေပြီ

သူတို့ထဲကအားအနည်းဆုံးသူကတော့ဝိညာဥ်ဘုရင်အဆင့်၇လောက်ရှိတယ်စောစောကလူတွေလောက်တော့ရှင်းပစ်ရမှာမလွယ်တော့ဘူး

"သူမကိုသတ်!!''ရှန့်အကြီးအကဲကအဲဒီမိန်းကလေးကသူ့သမီးဟုတ်တာမဟုတ်တာတွေဂရုစိုက်မနေတော့ဘဲအော်ပြောလိုက်တယ်

ရှီရှန်းကသူမနှုတ်ခမ်းတွေကိုပင့်လိုက်တယ်ပုကျင်းယွင်ရဲ့ခါးကိုဖက်လိုက်ပြီးတော့ခရမ်းရောင်အလုံးလေးတွေကိုပစ်ခွဲလိုက်တယ်

ဘန်း!!. ..

ဖှုန်တွေသဲတွေအလုံးလိုက်ထွက်လာပြီးတော့အိမ်တော်ကပြိုကျသွားတယ်ပုကျင်းယွင်မျက်မှောင်ကြုတ်နေတာကိုရှီရှန်းကလျစ်လျူရှုလိုက်တယ် ရှီရှန်းကသူမဓားကိုပိုပြီးမြင့်မြင့်ပျံဖို့အမိန့်​ပေးလိုက်ပြီးတော့ခရမ်းရောင်အလုံးလေးတွေကိုထပ်ပစ်ချတယ်

ဘေးကရပ်ကြည့်နေတဲ့သူတွေကလည်းဒီအိမ်တော်ထဲကထွက်ပြေးဖို့အုတ်အုတ်သဲသဲဖြစ်နေတဲအခါမှာရှီရှန်းကထပ်ဖောက်ခွဲပစ်လိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now