Arc 5.31

5.3K 744 22
                                    

Unicode

ပေ့ကျဲ့ ကအတိတ်ကိုအတိတ်မှာထားခဲ့နိုင်သလိုမျိုးသူမကိုရှင်းရှင်းလင်းလင်းစကားပြောနိုင်သွားပြီ

"ရှောင်ဇီ, မင်းကိုအဖေနဲ့အမေစိတ်ထိခိုက်အောင်လုပ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်''

ရှီရှန်းက သူ့ကိုဘာမှမပြောဘဲကြည့်နေလိုက်တယ် သူမကပေ့ဇနီးမောင်နှံကိုခွင့်လွှတ်ပါတယ် ပြီးတော့သူ့ကိုပြုံးပြလိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်သူတို့ခွင့်လွှတ်မှုကိုတောင်းဆိုခံသင့်တဲ့သူက သူမ မှမဟုတ်ဘဲကို

လေထုကကို့ရို့ကားယားနေပြီးတော့ကံကောင်းစွာနဲ့ပဲပေ့ကျဲ့ရဲ့ဖုန်းကမြည်လာတယ်

"ကိုယ်မင်းကိုလာခေါ်မယ်,မင်းတွေ့ချင်တဲ့သူတစ်ယောက်ကဒီမှာရှိမယ်ထင်တယ်''ပေ့ကျဲ့ကဖုန်းကိုချလိုက်ပြီးရှီရှန်းကိုကြည့်လိုက်တယ်''လင်းရင်ကဒီကိုရောက်နေတယ်,ရှောင်ဇီမင်းသူ့ကိူတွေ့ချင်လား''

ရှီရှန်းကခေါင်းကိုထပ်ခါထပ်ခါညိတ်လိုက်တယ်

လင်းရင်ကသူမကိုတွေ့တဲ့အခါမှာအရမ်းကိုပျော်ရွှင်သွားတယ်ပြီးတော့တီးတိုးစကားပြောချင်လို့သူမကိုဆွဲခေါ်သွားတယ်

"မင်းဆုတောင်းထားတာတွေဖြစ်လာပြီနော်,ပျော်ရဲ့လား''ရှီရှန်းကလင်းရင်ကိုမေးလိုက်တယ်

လင်းရင်ကပြုံးရွှင်နေပြီးတော့ရှီရှန်းကိုပြန်ဖြေတယ် 
''ငါ....,ငါရဲ့ဘဝတစ်​လျှောက်လုံးသူများ​တွေသတ်မှတ်​ပေးတဲ့လမ်းကိုပဲလျောက်ခဲ့တာပြီးတော့...နင်ကပဲငါ့ကိုငါသွားချင်တဲ့လမ်းကိုလျှောက်ဖို့ပြောပြီးဘယ်သူမှငါ့ကိုအားမပေးရင်တောင်နင်ငါ့ဘက်မှာရှိမယ်လို့ပြောခဲ့တာ​နော်,ပြီးတော့ငါကျရှုံးရင်လည်းပြန်ထဖို့နင်ပဲအားတွေပေးခဲ့တာ
ရှောင်ဇီ,နင်သိလား အခြားသူတွေက ကျိုးကြောင်းဆီလျော်တာတွေပြောနေတဲ့အချိန်မှာ နင်တစ်ယောက်ပဲငါ့ဘက်မှာရှိခဲ့တာ, ငါသာပေ့ကျဲ့ကိုအရင်မကြိုက်မိရင် နင့်ဆီကိုရောက်လာမယ်ထင်တယ်''

"ပေ့ကျဲ့ဆီကိုရောက်နေပြီးလည်းကိစ္စမရှိပါဘူး,နင်ငါ့ဆီကိုလာလို့ရသေးတယ်''
ရှီရှန်းကသူမလက်တွေကိုဖြန့်ကားလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now