Arc 5.5

5.4K 788 52
                                    

Unicode

Unicode

"ဘာဖြစ်လို့ တို့ကမင်းကိုကူပြီးရှင်းပြ​ပေးရမှာလဲ "
ရှီရှန်းက​​ခေါင်း​မော့ပြီးအေးစက်စွာ​ပြောလိုက်တယ်

ကျင်း​ရှောင်ယွီရဲ့မျက်နှာက​ဖျော့​တော့သွားတယ် သူမက စိတ်လှုပ်ရှား​နေလွန်းလို့ လက်​တွေ​တောင်တဆတ်ဆတ်တုန်​​နေတယ်
'သူမက ဒီကိစ္စရဲ့​နောက်ကွယ်ကသူပဲ ဘယ်လိုလုပ်ပြီးငါ့ကိုကူညီပါ့မလဲ ဟို​နေ့ညက အက​လေ့ကျင့်ခန်းမှာ သူမကိုနည်းနည်း​လေးပဲစိတ်အ​နှောင့်အယှက်ဖြစ်​စေလိုက်တာ အခု​တော့ငါ့ကို ဒီလိုမျိုးဖြစ်​​စေတယ်....ငါထင်တဲ့အတိုင်းပဲ ချမ်းသာတဲ့မိသားစုကသူ​တွေက တကယ်​ကြောက်စရာ​ကောင်းတယ် သူတို့​တွေရဲ့ထက်မြက်လှပတဲ့အမူအရာ​အောက်မှာ ​ကောက်ကျစ်တဲ့အတွင်းစိတ်ကိုဖုံးထားကြတာ.. "

"ကျွတ်..ကျွတ်...နင့်မျက်နှာအ အ​ရေထူလိုက်တာ ကျင်း​ရှောင်ယွီရယ်..ပထမဆုံးနင်က ​ပေ့​ရှောင်ကို မြှူဆွယ်တယ် အခု​တော့ နင်က သူ့ညီမကိုပါ ဆွဲထည့်ဖို့ကြိုးစား​နေပြန်ပြီ..နင့်ရဲ့မ​ကောင်းတဲ့အ​တွေး​တွေကို သူမ မသိဘူးလို့များ နင်ထင်သလား"

ကျင်း​ရှောင်ယွီက အဲ့ဒီလို​ပြောလိုက်တဲ့မိန်းက​လေးကို​ဒေါသတကြီးလှည့်ကြည့်တယ်  မျက်ရည်​တွေစီးကျ​နေပြီး​ဒေါသတကြီးဖြစ်​နေတဲ့မျက်နှာက တကယ်ကို​ကြောက်စရာ​ကောင်း​နေတယ်

​ကျောင်းသူ​လေးကခန​လောက်လန့်သွား​ပေမယ့် ကျင်း​ရှောင်းယွီကို အသာစီးရမ​သွား​​စေဘူး
"ကျင်း​ရှောင်ယွီ...နင်ဘာကြည့်​နေတာလဲ.."

ကျင်း​ရှောင်ယွီက အဲ့ဒီမိန်းက​လေးကို ရုတ်တရပ်လှမ်းဆွဲလိုက်တယ်
"နင်ကသာ သူများ​တွေကိုမြှူဆွယ်တာ..ငါ​ပေ့​ရှောင်ကိုမမြှူဆွယ်ဘူးလို့​ပြော​နေတယ်​လေ.."
သူမတို့နှစ်​ယောက်က ပြင်းပြင်းထန်ထန်နပမ်းလုံး​နေကြလို့ ​ဘေးနားမှာရှိ​နေတဲ့လူ​တွေက အချိန်အ​တော်ကြာ​အောင် ဆွဲခွာလိုက်ရတယ်

မကြာခင်မှာပဲ အမျိုးသားဇာတ်လိုက်​ရောက်လာမှာကိုသိတဲ့ရှီရှန်းက​တော့ ပွဲကြည့်ပရိသတ်သာ လုပ်​နေလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now