Arc 10.13

2.9K 446 0
                                    

Unicode

တုကြွယ်ကရှီရင်းကိုမျှော်လင့်ချက်ကြီးစွာကြည့်လိုက်တယ်

ဒါပေမဲ့ရှီရင်းကတော့ သူမပြောတာတွေကိုသဘောတူတဲ့အနေနဲ့တစ်ခွန်းမှမဟဘူး

တုကြွယ်"....."
'ဘာတွေဖြစ်ကုန်တာလဲ'

သူ့ရဲ့သံသယတွေကိုဖိနှိပ်ပြီးတော့,ထောင့်နားကရပ်ကြည့်နေတဲ့ကျောင်းသားတွေကိုအပြင်ထွက်သွားခိုင်းတယ် ပြီးတော့သူ့လူနှစ်ယောက်ကိုအလောင်းစစ်ဖို့ပြောလိုက်တယ်

"အဖွဲ့ခေါင်းဆောင်,
သေဆုံးမှုကသွေးလုံလောက်မှုမရှိတာပဲ, သူ့လည်ပင်းမှာကိုက်ခံရတဲ့အစက်နှစ်စက်ရှိတယ်''

ပြောပြနေတဲ့သူက အင်္ကျီကော်လာကို ဖယ်ပြတဲ့အခါအစက်နှစ်စက်ကအမည်းရောင်ပြောင်းနေပြီ ကြည့်ရတာကိုက်ထားတာတော်တော်ကြာနေတဲ့ပုံပဲ

''သူဘယ်အချိန်ကအကိုက်ခံရတာလဲ''

အဲ့လူကခေါင်းငုံ့ပြီးသေချာကြည့်လိုက်တယ်ခန့်မှန်းခြေကိုပြောပြတယ်
"၁၈နာရီအကြာလောက်က''

တုကြွယ်ကအံသြသွားပုံမပေါ်ဘူးသူ့လူတစ်ယောက်ကိုခေါ်ပြီးပစ္စည်းအချို့ယူခိုင်းတယ်အလောင်းပတ်လည်ကိုစည်းပြီးတော့ပြောတယ်
''ဒါကို HQဆီ နာရီအနည်းငယ်အတွင်းရောက်အောင်ပို့ပါ''

''ဟုတ်ကဲ့''

လူအများကြီးကအလောင်းကိုထုတ်ပိုးပြီးသယ်သွားကြတယ်

တုကြွယ်ရဲ့အကြည့်တွေရှီရှန်းဆီရောက်လာတယ်
ပြီးတော့ရှီရင်းကိုရည်ရွယ်ပြီးစကားပြောလိုက်တယ်
''အရှင်
ရှီရင်း,ဒါမျိုးက ဒီလထဲမှာတင်သုံးကြိမ်ရှိနေပါပြီ, သူတို့ကသွေးစုပ်တာ
မခံရခင်အကိုက်ခံရတာတွေကြီးပဲ,ဒီကိစ္စနဲ့ပတ်သတ်ပြီးဆရာ့ရဲ့ထင်မြင်ချက်ကိုသိချင်ပါတယ်''

ဗန်ပိုင်းယားရဲ့သွေးကိုသောက်မိရင်ဖြစ်လာတာကနှစ်ခုပဲရှိတယ်, အဆင်နိမ့်တဲ့ဗန်ပိုင်းယားဖြစ်လာရင်ဖြစ်လာ,မဟုတ်ရင်သေရုံပဲ

''ရှင်အခုဘာတွေပြောနေတာလဲ''ရှီရှန်းကချောင်းဟန့်လိုက်တယ်''ကျွန်မကိုပြောနေတာလားသူ့ပြောနေတာလား''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now