Arc 9.10

3.3K 522 1
                                    

Unicode

ယွဲ့ယောင်ကအခုမှကိစ္စတွေကိုဆက်စပ်မိသွားတယ်
'ငါဘယ်လိုဖြစ်ပြီးအဲ့လောက်အရေးကြီးတာကိုမေ့သွားရတာလဲ'

ယွဲ့ယောင်ကဖျော့တော့လာပြီးတော့ဘာလုပ်ရမှန်းမသိဖြစ်နေတယ်''အဆင့်မြင့်နတ်ဘုရား... ချန်းလန်...''

ချန်းလန်ကသူမခေါင်းကိုခပ်ဖွဖွလေးပုတ်ပေးတယ်

"အဆင့်မြင့်နတ်ဘုရား ချင်းကွမ်း, ဒီနေ့ကမင်းအတွက်ကျင်းပပေးတဲ့ဂုဏ်ပြုပွဲပဲ,ဒီကိစ္စကိုနောက်မှဖြေရှင်းကြတာပေါ့''ကျောက်စိမ်းဧကရာဇ်ကပြောလိုက်တယ်

ရှီရှန်းကကျောက်စိမ်းဧကရာဇ်ကိုဒေါသတကြီးကြည့်တယ်

ကျောက်စိမ်းဧကရာဇ်ကစိတ်ထဲမှာကြောက်ရွံပြီးတော့စိုးရိမ်လာတယ်

ရှီရှန်း ပါးစပ်ဟလိုက်တဲ့အခါမှာသူစိုးရိမ်နေတာတွေဖြစ်လာတော့တယ်''ကျောက်စိမ်းဧကရာဇ် ရှင်ကသူအပြစ်လုပ်တိုင်းကာကွယ်ပေးတယ်နော် ရှင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတကယ်ပဲဘာလဲ''

'ကျောက်စိမ်းသခင်က တစ်ခုနှစ်ခါကူညီပေးနေတာမဟုတ်ဘူး, တစ်ချိန်လုံးလုပ်သမျှအမှားတွေအတွက်အပြစ်မပေးဘူး

အခုအဲ့လောက်ထိအပြစ်ကြီးလုပ်ထားတာတောင်သူ့ကိုအပြစ်မပေးဘဲပြဿနာရှင်းဖို့လူ့ပြည်ကိုတိတ်တ်ိလေးလွှတ်လိုက်တယ်

ယွဲ့ယောင်လူပြည်ကိုသွားတာဘယ်ကောင်းကင်ဘုံသားမှမသိသလို,သူမဘာတွေမွှေခဲ့တယ်ဆိုတာလဲမသိဘူး

ဧကရီရဲ့အကြည့်တွေကပိုပိုပြီးတော့စူးရှလာပြီးကျောက်စိမ်းဧကရာဇ်ကိုမျက်နှာမည်းကြီးနဲ့ကြည့်တော့တယ်

အရင်ကတည်းကကျောက်စိမ်းဧကရာဇ်ကယွဲ့ယောင်ပေါ်မှာဆိုဆက်ဆံပုံတွေကထူးခြားတယ်လို့ထင်ခဲ့တာ ဒါပေမဲ့ကအရမ်းကြီးအဆင့်မမြင့်သေးတာကြောင့်ဘာမှမပြောခဲ့ဘူး

ဒါပေမဲ့အခုအဆင့်မြင့်နတ်ဘုရားဖြစ်တဲ့ချင်းကွမ်းကအခြေအနေကိုနောက်ဆုံးထိကိုဆွဲခေါ်ပေးလိုက်တယ်

ကျောက်စိမ်းဧရာဇ်ကချွေးတွေပြန်လာတယ်'နတ်ဘုရားမချင်းကွမ်းက ငါရှောင်လွှဲချင်နေတဲ့အရာကိုတည့်ပြောချလိုက်တာပဲ'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now