Arc 7.24

3.8K 621 2
                                    

Unicode

ပထမလူကစပြီးတိုက်ခိုက်တဲ့အချိန်မှာအနောက်ကလူတွေကလည်းသူ့နောက်ကနေလိုက်လာကြတယ် ဂိတ်၀ကတော်တော်ကိုရုတ်ရုတ်သဲသဲဖြစ်နေပြီးတစ်ယောက်ကိုတစ်ယောက်ချီစွမ်းအင်တွေနဲ့တိုက်ခိုက်နေကြတယ်

ရှီရှန်းကတော့မျက်နှာအမူအယာကင်းမဲ့စွာနဲ့ပဲဒီမြင်ကွင်းကိုကြည့်နေတယ် ရှီရှန်းရဲ့ပုံစံကဒီမြို့စောင့်တွေအတွက်တော့အဆင်ပြေတယ် သူမကလှပတယ်ဆိုတဲ့အချက်တစ်ခုနဲ့တင်အကောင်းဆုံးကာကွယ်ပေးကြတယ်

ကံကောင်းစွာနဲ့ပဲ, အကြီးအကဲတွေရောက်မလာသေးဘဲနဲ့အရင်ရောက်နေတဲ့သူကအာဏာအနည်းငယ်သာရှိကြတာမို့လို့သူတို့ကိုအနိုင်ယူဖို့ဆိုတာမခဲယဥ်းဘူး

"မြို့တော်သခင်,ဘာလို့သူတို့ကိုမောင်းထုတ်တာလဲ''ဂိတ်တွေပိတ်သွားတာနဲ့စိတ်ဝိညာဥ်ပညာရှိအဆင့်လူထွားကြီးကလာမေးတယ်

'သူတို့ကိုမောင်းထုတ်ရတာလွယ်တယ်ဆိုပေမဲ့အာဏာရှိတဲ့လူတွေရောက်လာရင်ပြဿနာတော့တက်ကုန်တော့မှာပဲ'

ရှီရှန်းက ပြုံးလိုက်ပြီးအရေးကြီးတဲ့ကိစ္စကြီးပြောမလိုလိုနဲ့ပြောလိုက်တယ်
''ကျွန်မသူတို့အကြည့်တွေမကြိုက်လို့...''

'ဟင်.....အကြည့်တွေကိုမကြိုက်တာနဲ့ပဲမောင်းထုတ်ပစ်တာလား,ငါတို့မြို့သခင်အကြိုက်ကတော့ခပ်ဆန်းဆန်းရယ်'

"အခုရက်ပိုင်းမှာ သူတို့တွေအများကြီး ဘာလို့ဝင်ဖို့ကြိုးစားနေရတာလဲ''ရှီရှန်းက မကြာခင်ကမှမြို့ကိုပြန်​ရောက်တာဖြစ်ပြီး မျက်နှာသစ်တွေအများကြီးကို​တွေ့ထားတယ်

လူထွားကြီးကကြောင်သွားတယ်''မြို့သခင်တစ်ကယ်မသိဘူးလား''

"ဘာကိုသိရမှာလဲ,ကျွန်မမရှိတဲ့အချိန်တုန်းကဒီမှာတစ်ခုခုများဖြစ်သွားလို့လား''

လူထွားကြီးကပြုံးသွားတယ်
'ငါတို့မြို့သခင်ကတစ်ကယ်အရေးကြီးတာကိုမေ့နေတာပဲ,မြို့သခင်အစစ်ရောဟုတ်ရဲ့လားမသိဘူး'

လူကြီးကသူ့အတွေးတွေကိုရပ်ပြီးတော့ဆက်ပြောတယ်,''ကောလဟာလတွေအရလေးထောင့်မြို့တော်ဘေးကတောအုပ်မှာရှားပါးရတနာပေါ်လာတော့မယ်လို့ကြားတယ်...အပြင်ကလူတွေကဒါကိုရဖို့ရောက်လာကြတာ''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now