Arc 7.32

4K 616 3
                                    

Unicode

ရှီရှန်းက ချင်လန်ယွဲ့ဘာဖြစ်​နေပြီလဲ ဆိုတာကိုဂရုမစိုက်အားဘူး သူမဆီမှာ​တောင် ပြသနာ​ပေါင်း​သောင်း​ခြောက်​​ထောင်တက်​နေပြီးသား..
ရှီရှန်းလေး​ထောင့်မြို့ကိုပြန်​ရောက်ပြီလို့ကြားတာနဲ့ သက်တန့်ကြာပန်းအတွက် သူမကို လာတိုက်ခိုက်ကြတယ် ရှီရှန်းက ​သေဖို့​တောင်းဆိုနေတဲ့လူအုပ်လိုက်ကြီးနဲ့ရင်ဆိုင်​နေရပြန်တယ်...
အဲ့​ဒါ​ကြောင့် မြို့ရဲ့၀င်​ပေါက်​တွေအကုန်ပိတ်သွားပြီး ဘယ်သူ့ကိုမှထပ်၀င်ခွင့်မပြု​တော့ဘူး..

"မင်းအတွက်.." အနီ​ရောင်၀တ်စုံ၀တ်ထားပြန်တဲ့ပုကျင်းယွင်က သူမဆီ ကြာပန်းထည့်ထားတဲ့ဘူးကိုကမ်း​ပေးတယ်
' ငါ့အတွက် ဆိုတာဘာအဓိပ္ပါယ်လဲ.. ငါဒါကြီးကိုမလိုပါဘူး..'
ရှီရှန်းကသူ့ကို​ကြောင်ပြီးကြည့်​နေတယ်

"ငါမင်းကို​ပေး​နေတယ်​လေ...ယူလိုက်​ပေါ့.."

ရှီရှန်း "......"
'ငါကမှ နင့်ကို ဒါယူ​ပေးခဲ့တာပါ​နော်!!! ဘာကိစ္စပြန်လာ​ပေး​နေတာလဲ..'

"ဟမ့်!"
ပုကျင်းယွင်က ဘူးကိုရှီရှန်းဆီ​ပေးခဲ့ပြီးထွက်သွားတယ်

ရှီရှန်းက နှုတ်ခမ်းကိုခပ်တင်းတင်း​စေ့ထားတယ် 'ဒီသူ​တောင်းစား​ကောင်ရဲ့ ​ဆောင့်ကြွားကြွားနိုင်မှုက တဖြည်းဖြည်းပိုပိုဆိုးလာ​နေပြီ
...အဲ့ဒီ​နေ့က လင်းယုန်လက်သည်းစာမိပြီး​သေ​အောင်ပစ်ထားလိုက်ရမှာ..'

ရှီရှန်းက ကြာပန်းကိုငုံ့ကြည့်ပြီး​ကောက်ကျစ်စွာပြုံးလိုက်တယ်
'သိပ်ကိုလိုချင်​နေကြတယ်​ပေါ့ ဟုတ်လား...​ကောင်းပြီ​လေ..'

.............

​လေး​ထောင့်မြို့ကအလုပ်ရှုပ်​နေကြပြန်ပြီ...သူတို့ရဲ့မြို့သခင်က ကစားနည်းအသစ်တစ်ခုထွင်​နေပြန်ပြီ​လေ.. သူမက ကုန်း​မြေကြီးကိုးပါးက အင်အားကြီးမိသားစု​တွေကို ​လေး​ထောင့်မြို့ဆီဖိတ်​ခေါ်လိုက်တယ်

'အရင်တစ်ခါတုန်းက​တော့ သူတို့ကို​ပေးမ၀င်ဖို့ မြို့တံခါးကိုအ​သေအ​ကြေပိတ်ထားခိုင်းခဲ့တာမဟုတ်ဖူးလား..အခုကျ တကူးတကလှမ်းဖိတ်တယ်​ပေါ့..မြို့သခင်ဘာ​တွေ​တွေး​နေတယ်ဆိုတာလုံး၀နားမလည်နိုင်​တော့ဘူး..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now