Arc 8.12

3.7K 698 19
                                    

Unicode

သခင်မချီကို​မြေတိုက်ခန်းထဲမှာ ပိတ်ထားပြီးမှပဲ အန်းစုလည်းစိတ်ကို​လျှော့ချလိုက်ပြီး အကူအညီ​တွေသွား​ခေါ်တယ်

​မြေတိုက်ခန်းက ချီအိမ်​တော်၀င်းရဲ့အလှဆင်တောင်ကုန်းအတုရဲ့ အ​နောက်မှာရှိတဲ့အပြင် အ​ပေါက်၀ကိုအပင်​တွေနဲ့လည်းဖုံး​နေတာ​ကြောင့် ရှာ​တွေ့ဖို့မလွယ်ဘူး..အဲ့ဒါ​​ကြောင့် ဒီ​နေရာရှိမှန်း ဘယ်သူကမှမသိကြဘူး..

ဘဏ္ဍာထိန်းအဘိုးက  လျှို့၀ှက်၀င်​ပေါကိုမြင်​တော့ အရမ်းအံ့သြသွားပုံ​ပေါ်တယ် သူ့ကြည့်ရတာ ဒီမှာ ​မြေတိုက်ခန်းရှိ​နေတာ​တောင် သိပုံမရဘူး..
အဲ့လို​တွေဖြစ်​နေတုန်းမှာ ရှီရှန်းက ​ဘေးက​နေတိတ်တိတ်​လေးပဲရပ်ကြည့်​နေတယ်  ဖုန်းကျင်းက သူမကိုလှည့်ကြည့်လိုက်​တော့ ရှီရှန်းက မျက်နှာကို ခပ်ချီချီ​မော့ပြလိုက်ပြီး ​ပျောက်သွားတယ်

ဘဏ္ဍာထိန်းအဘိုးတို့ ​မြေတိုက်ခန်းထဲကို၀င်လာ​တော့  သခင်မချီက​သေဆုံး​နေပြီး  အန်းစု ခုနက​တွေ့ခဲ့တဲ့ အမဲလိုက်​ခွေးကြီးနှစ်​ကောင်ကလည်း သူမရဲ့အ​လောင်းကိုကိုက်ဖဲ့စား​သောက်​နေကြတယ် 

'လူအသားကိုပုံမှန်စားနေရတဲ့​ခွေး​တွေကသာ လူအသားကိုစားကြတာ..'

ဒီအ​တွေး​ကြောင့် ဘဏ္ဍာထိန်းအဘိုးက အရမ်းလန့်သွားတယ်
'မဖြစ်နိုင်ဘူး..သခင်မက ပုံမှန်ဆိုရင် အရမ်းနူးညံ့တဲ့ဟာကို..ဘယ်လိုလုပ်ပြီး လူသတ်မှာလဲ..'
အ​စေခံ​တွေ​တော်​တော်ကြိုးပမ်းပြီးသွားမှပဲ ​ခွေးနှစ်​ကောင်ကို ဖယ်ထုတ်လိုက်နိုင်တယ်  ​မြေတိုက်ခန်းထဲမှာ  လူအရိုး​တွေအများကြီးထပ်​တွေ့ရ​သေးတယ်  အဲ့ဒီအထဲမှာ ဘဏ္ဍာထိန်းအဘိုး​ပြောတဲ့ ​နောက်ဆုံးအလုပ်ထွက်သွားတဲ့အ​စေခံရဲ့အ​လောင်းကို​တွေ့ရတယ်  သူမရဲ့အ​လောင်းက​နွေး​နေ​သေးပြီး ​သေသွားတာမကြာ​သေးတဲ့ပုံပဲ..

ရှီရှန်းက ​မြေတိုက်ခန်းကိစ္စကိုကြည့်မ​နေ​တော့ဘဲ အိမ်ရဲ့စတုတ္ထအထပ်ကိုသွားတယ်
ဒုတိယအထပ်က အိမ်ပိုင်ရှင်​တွေ​နေကြပြီး တတိယထပ်ကအပန်း​ဖြေ​ဆောင်ဖြစ်တယ် စတုတ္ထထပ်ကိုတော ​သော့ခတ်ပြီးချိတ်ပိတ်ထားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now