Arc 7.9

4.1K 724 17
                                    

Unicode

ရှီရှန်းက ဆေးဘုရင်ရဲ့မီးပြင်းဖိုကိုပုကျင်းယွင်ဆီကိုထိုးပေးလိုက်တယ်
''ရှင့်အတွက်.....''

ပုကျင်းယွင်ရဲ့မျက်လုံးတွေကမီးပြင်ဖိုကိုမြင်တော့လင်းလက်သွားပြီးတော့ရှီရှန်းကိုမမေးခင် ​သေချာစစ်​ဆေးကြည့်လိုက်တယ်
''ဒါက.....ဆေးဘုရင်ရဲ့မီးပြင်းဖိုမလား''

"ဟုတ်တယ်....ကြိုက်လား?''
ရှီရှန်းကသူမမျက်နှာကိုဂုဏ်ယူစွာနဲ့ပင့်ထားတယ်

"ဒါကကောင်းကင်ဘုံပစ္စည်းပဲ''

'ဒီမိန်းမ ဒါကိုမသိဘူးလို့တော့မပြောနဲ့​နော်,သူမကလွယ်လွယ်ကြီးပေးပစ်တယ်တဲ့လား,ဒါမှမဟုတ်ဒါအတုကြီးဖြစ်နေမလား,အတုကြီးလား'

'ငါကဒီကောင်းကင်ဘုံပစ္စည်းကိုရသွားတာနဲ့ပဲမင်းကို​ကြိုက်တယ်လို့ပြန်ဖြေရမှာလား,အရူးမ'

ရှီရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးတော့လေးလေးနက်နက်ပြောလိုက်တယ်
''ကြိုက်ရင်ယူလိုက်.....မကြိုက်ရင်လည်းလွှင့်ပစ်လိုက်''

ပုကျင်းယွင်, ''.....''

'မင်းကဒီလိုကောင်းကင်ဘုံပစ္စည်းကိုလွယ်လွယ်ကူကူပေးပစ်တယ်တဲ့လား,မင်းမိသားစုကမင်းအသုံးအဖြုန်းကြီးတာကိုရောသိကြရဲ့လား?'

ရှီရှန်းက အိပ်ရာပေါ်ကနေထပြီးတော့ညောင်စောင်းပေါ်ကိုလျှောက်သွားလိုက်တယ် ဒါ​​ပေမယ့်ရုတ်တရက်ပုကျင်းယွင်ရဲ့အကြည့်တွေကသူမကိုဆွဲခေါ်နေသလိုခံစားရတယ်
''ဘာတွေလာကြည့်နေတာလဲ?..ရှင်ကျွန်မကိုဆက်ကြည့်နေမယ်ဆိုရင် ရှင့်မျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်''

ပုကျင်းယွင်''.....''
'မိန်းကလေးနဲ့တစ်စက်မှမတူဘူး, ဒါ​ကြောင့်လည်း ယောကျ်ားလေးတစ်ယောက်ကိုပြန်ပေးဆွဲတာ​နေမှာ..'

ပုကျင်းယွင်ကတစ်ဖက်ကိုလှည့်ပြီးပြန်ပက်တယ်
''ဘယ်သူကမင်းကိုကြည့်နေလို့လဲ...ဟမ့်..''

အေးစက်နေတဲ့မီးပြင်းဖိုကသူ့ခန္ဓာကိုယ်အပူချိန်ကြောင့်တစ်ဖြည်းဖြည်းနွေးလာတယ်

ပုကျင်းယွင်ကသူဘယ်အချိန်မှာအိပ်ပျော်သွားလဲဆိုတာကိုသတိမထားမိလိုက်ဘူး သူနိုးလာတော့အခန်းကမှောင်မဲနေပြီးအပြင်ကညောင်စောင်းမှာလည်းတစ်ယောက်မှမရှိဘူး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now