Arc 9.13

3.1K 518 6
                                    

Unicode
ရှီရှန်းရဲ့တိုက်ခိုက်မှုတွေကကြမ်းတမ်းပြီးတော့ ပြင်းထန်တယ် သူမကဘယ်နေရာကအရေးကြီးတာမကြီးတာမစဉ်းစားဘူးတန်းတိုက်တယ် သူမရဲ့တိုက်ခိုက်မှုတွေကခန့်မှန်းလို့မရနိုင်တာကြောင့်နှေးကွေးတဲ့သူတွေဆိုလုံးဝခုခံနိုင်မှာမဟုတ်ဘူး

သုန်းကျင်းကအစကသူမကိုတိုက်လိုက်ဖို့ဆန္ဒလုံးဝမရှိခဲ့ဘဲသာမန်ဟန်ရေးပြရုံလောက်ပဲလုပ်ခဲ့တာ ဒါပေမဲ့သူမကအတည်ကြီးတိုက်နေပြီးတော့လုံးဝအလျော့ပေးမဲ့ပုံစံမရှိတာကြောင့်, သုန်းကျင်းလည်းအတည်ပြန်တိုက်ရတယ်

သူမရဲ့ဓားကသာမန်ဓားပုံစံပေါက်နေပေမယ်နောက်ကွယ်ကသူမကိုင်ထားတာကြောင့်တစ်ချက်ခုတ်တိုင်းပြင်းထန်တဲ့အင်အားတွေထွက်လာတယ် သေချာတာကသူ့ရဲ့မိစ္ဆာနက်ဓားလောက်ကိုတော့မဖြုံဘူးဆိုတာပဲ
.......

သုန်းကျင့်ကနောက်ကိုဆုတ်သွားပြီးတော့ခနရပ်ဖို့ပြောလိုက်တယ် ရှီရှန်းကိုယ်တိုင်ကလည်းအစကတည်းကသုန်းကျင်းကိုသတ်ဖို့မရည်ရွယ်ထားတာကြောင့်သူအရှုံးပေးတော့ရပ်လိုက်တယ်

"မင်းလက်ထဲကဓားက......''သုန်းကျင်းကရှီရှန်းလက်ထဲကဓားကိုကြည့်ပြီးမေးတယ် သူတစ်ခါမှမမြင်ဖူးတဲ့ဓားရဲ့နောက်ကွယ်ကအင်အားကိုအံ့သြနေတယ်

"နတ်ဘုရားသတ်ဓား''ရှီရှန်းကနာမည်တစ်ခုကိုထုတ်ပြောလိုက်တယ်

ရုတ်တရပ်အမည်ထပ်ပေးခံလိုက်ရသောဓား''......''
'ကျွန်တော့်မှာနာမည်ဘယ်နခုတောင်ရှိနေတာလဲ သခင်'

သုန်းကျင်းကကြောင်သွားတယ်'ဟမ်,နတ်ဘုရားသတ်ဓား တဲ့လား,ဘယ်လိုနာမည်ကြီးလဲ,ကောင်းကင်ဘုံမှာရှိနေတဲ့သူတွေကဘယ်လိုဖြစ်ပြီးဒီလိုနာမည်ရှိနေတဲ့ဓားကိုအသုံးပြုခွင့်ပေးထားရတာလဲ,နည်းနည်းလောက်ရင့်ကျက်ကြစမ်းပါ'

ဘယ်လိုပဲဖြစ်ဖြစ်,ရှီရှန်းကိုရှုံးထားတာကြောင့်သုန်းကျင်းကသူမနောက်ကိုလိုက်လာတယ် ခနလောက်လမ်းလျှောက်ပြီးတဲ့နောက်မှာရှီရှန်းကအပေါ်ကိုပျံတက်သွားတယ်,သုန်းကျင်းသိလိုက်ရတာကဒီမိန်းကလေးကဒေါသကြီးရုံတင်မကဘူး,အပြုအမူလည်းမယဉ်ကျေးဘူးဆိုတာပဲ,သူမကအပြင်းထန်ဆုံးအရှိန်နဲ့တက်သွားပြီးလှောင်ပြောင်သွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now