Arc 8.9

3.7K 663 11
                                    

Unicode

အပြင်မှာမိုးတွေအရမ်းရွာနေတာကြောင့်ဖုန်းကျင်းကအပြင်ထွက်မရတော့ဘူး ဒါပေမဲ့လည်းသူလက်မလျော့ဘဲနဲ့အိမ်၀င်းထဲကို​တော့ပတ်ကြည့်တယ်

"မစ္စတာဖုန်း...တစ်ခုခုထူးဆန်းတာများ​တွေ့​သေးလား'' ဘဏ္ဍာထိန်းအဘိုးက စိတ်ချောက်ချားနေတယ်

မနေ့ညကတုန်းကအလင်းရောင်သိပ်မရှိတာကြောင့်မို့သူ့ပုံစံကိုသေသေချာချာမသိရဘဲ ကြည့်ကောင်းတဲ့​ကောင်း​လေးလို့ထင်ခဲ့တာ

ဒါပေမဲ့မနက်ခင်းရဲ့အလင်းရောင်ထဲမှာသူ့ကိုသေချာမြင်ရပြီးထင်ထားတာထပ်အများကြီးပိုထူးခြား​နေတယ်
အဲ့ဒါကြောင့်မို့သူ့ကိုခေါ်လိုက်မိတာမှန်လား မှားလားဆိုတာ​တောင်မသိ​တော့ဘူး

"တစ်စုံတစ်ယောက်များပျောက်သွားသေးလား''ဖုန်းကျင်းက သူတို့ခေါင်းနားမှာ၀ဲလျှောက်နေတဲ့ရှီရှန်းကိုတစ်ချက်ကြည့်ပြီးမေးလိုက်တယ်

"မရှိပါဘူး,ဒီအိမ်တော်မှာလူတွေအများကြီးရှိပေမဲ့တစ်စုံတစ်ယောက်တောင်မပျောက်သွားဘူးဆိုတာသေချာပါတယ်,မေးရတဲ့အကြောင်းအရင်းလေးများရှိမလားမသိဘူး,မစ္စတာဖုန်း''
အဖိုးကမြန်မြန်ဆန်ဆန်မေးတယ်

အဖိုးကဖုန်းကျင်းကိုနားမလည်နိုင်စွာကြည့်နေတယ်
'သခင်ကြီး ဖျားနေတာနဲ့လူပျောက်တာကဘယ်နေရာကများသက်ဆိုင်နေလို့လဲ'

"အခြားတစ်ယောက်ယောက်များအလုပ်ထွက်သွားသေးလားလို့မေးလိုက်''ရှီရှန်းကအသိပေးလိုက်တယ်

"မထွက်သွားတဲ့သူမရှိဘဲဘယ်နေပါ့မလဲ,အခုအခြေအနေကကြောက်စရာကောင်းနေတာကိုး....လူစုစုပေါင်းလေးယောက်အလုပ်ထွက်သွားကြတယ်...ပြီးတော့နောက်ဆုံးတစ်ယောက်ကမနေ့ကမှထွက်သွားတာ'' အဖိုးကသက်ပြင်းချလိုက်တယ်

ဖုန်းကျင်းကခေါင်းညိတ်လိုက်တယ်
''အစေခံတွေကိုအပြင်မထွက်ဖို့ပြောပေးပါ,ညဘက်ဘာအသံတွေကြားကြားပြင်ဘက်လုံးဝမထွက်လာဖို့ပြောပေးပါ''ဖုန်းကျင်းကဒုတိယတစ်ကြောင်းကိုဖိပြီးပြောလိုက်တယ်

အဖိုးကဖုန်းကျင်းစကားရဲ့နောက်ကွယ်ကအကြောင်းအရာတွေကိုလုံးဝကိုနားမလည်ပေမဲ့လည်း သခင်ရဲ့အခြေအနေကြောင့်မြန်မြန်ဆန်ဆန်စီစဥ်မှုတွေပြုလုပ်ရတော့တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now