Arc 7.12

4K 677 8
                                    

Unicode

ပုကျင်းယွင်ကရှီရှန်းရဲ့အရှက်မရှိမှုတွေကိုအတော်ကိုသည်းခံနေရတယ်
'သူစောစောကအကူညီတောင်းတုန်းကကြတော့ဒါမျိုးမဟုတ်ပါဘူး,ငါ့ရဲ့လူတွေကများသူမရဲ့အလှအောက်မှာကျရှုံးတယ်ဆိုပဲ, ဟားဟားဟား, ငါ့လူတွေကိုဘာများမှတ်နေလဲ'

ရှီရှန်းကတော့ရုပ်ရှင်မင်းသားမင်းသမီးတွေလုပ်သလိုမျိုးသူမလက်ကိုဝှေ့ယမ်းပြလိုက်တယ် အောက်ကလူတစ်အုပ်လုံးကစင်ပေါ်တက်လာပြီးတော့သူမကိုရိုက်သတ်ချင်စိတ်တွေပေါက်လာတယ်

ပုကျင်းယွင်ကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်
'ငါသာဒဏ်ရာရမထားဘူးဆိုရင် စင်ပေါ်ကိုတက်ပြီးသူ့ကိုသေအောင်ရိုက်ပစ်မယ်သူကငါပဲဖြစ်မှာ,ဆောင့်ကြွားကြွားနဲ့'

"ရှန့်ယောင်ကွမ်း!  အရေးမပါတာတွေလုပ်မနေနဲ့....ကိစ္စကိုသေချာရှင်းပြစမ်း!''
ကျုံးရှီရိ ကသူမကိုအလွတ်မပေးဘူး

"အဘိုးကြီး, ရိုက်ခံထိချင်နေတာလား,ငါတို့ယောင်ကွမ်းက နယ်မြေကိုးပါးခန်းမကသူ့ဘာသာသူအလျော့ပေးသွားတာလို့ပြောပြီးပြီလေ .သတ္တိတွေရှိနေရင် သူတို့ကိုသွားမေးပါလား,ငါတို့ယောင်ကွမ်းကိုဘာတွေလာရှုပ်နေတာလဲ''
တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့သူဖုန်းစားဦးလေးကစကားထွက်ပြောတယ်

"အကယ်၍သူမမှန်တယ်ဆိုရင်ဘာလို့ရှင်းမပြနိုင်ရတာလဲ''
ကျုံးရှီရိကလက်သီးကိုဆုပ်ထားတယ်

"ယောင်ကွမ်းကရှင်းပြပြီးနေပြီလေ,မင်းကသာသူမကိုလိုက်ပတ်ပြီးပြဿနာရှာနေတာမဟုတ်ဘူးလား''သူဖုန်းစားဦး​လေးကပြန်ပြောတယ်
''မင်းမှာသတ္တိ​တွေအရမ်းရှိ​နေရင်ငါနဲ့သာစာရင်းလာရှင်းစမ်းပါ''

သူတို့နှစ်ယောက်ကရှေ့တိုးလာပြီးတိုက်တော့မယ့်အချိန်မှာအကြီးအကဲက ထွက်လာတယ်

သူ့ပုံစံကဝပေမဲ့သားသားနားနားရှိပြီးကြည့်​ကောင်းတယ်လို့​ပြောလို့ရတယ် သူပြုံးလိုက်ရင်အဆီတွေကသူ့မျက်လုံးကျဥ်းကျဥ်း​လေး​တွေကိုဖုံးသွားတယ်
ခေတ်သစ်ကမ္ဘာမှာဆိုရင်တော့သူကဝလွန်းလွန်းသူ့အတွက်တော်တဲ့အင်္ကျီမရှိလောက်​တော့ဘူး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now