Arc 10.31

2.8K 434 9
                                    

Unicode

ဖေးချီက မျက်နှာပျက်နေပေမယ့် ကိုယ့်ကိုကိုယ်ထိန်းပြီး စင်ပေါ်ကဆင်းလာက ရှီရင်း ကို နှုတ်ဆက်လိုက်တယ်"အရှင် ရှီရင်း..."

အခြားမင်းသားတွေလည်း အံ့ဩသွားကြပေမယ့် ရှီရင်းကို ညီညီညာညာနဲ့ တရိုတသေနှုတ်ဆက်လိုက်ကြတယ် "အရှင် ရှီရင်း..."

တခြားဗန်ပိုင်းယားတွေလည်း မင်းသားတွေရဲ့ အမူအရာနဲ့ သူတို့ ခေါ်ဝေါ်လိုက်တဲ့ ပုံစံကိုကြည့်ပြီး သူတို့ရှေ့မှာ ရပ်နေတဲ့ အမျိုးသားကို မှတ်မိသွားကြပြီး အမူအရာတွေပြောင်းကုန်တယ် သူတို့တွေအားလုံးက ခါးညွတ်ပြီး တရိုတသေနဲ့ တညီတည်း နှုတ်ဆက်လိုက်ကြတယ် "အရှင် ရှီရင်း..."

အိုက်ဝေက လုံးဝကိုကြောင်ပြီး ရပ်နေတယ် သူမက ဘာတွေဖြစ်နေမှန်း သဘောမပေါက်သေးဘူး

'ဒီလူ..သူကလည်း ဗန်ပိုင်းယားပဲလား..'

"ငါက ငါ့ကို မမှတ်မိကြတော့ဘူးလို့ ထင်နေတာလေ..."  ရှီရင်းက ခနဲ့လိုတဲ့ အပြုံးပြုံးလိုက်တယ်

"ကျွန်တော်တို့ မလုပ်ရဲပါဘူး.." ဖေးချီက ခေါင်းကို ပိုငုံ့လိုက်တယ် သူ့အတွေးတွေက တောင်စဉ်ရေမရဖြစ်နေတယ် 'သူက ဒီကို ဘယ်လိုရောက်နေရတာလဲ ပြီးတော့ အရေးကြီးတာက ..သူက ဘာဖြစ်လို့ မီနိုင်းနဲ့ အတူရှိနေရတာလဲ...ခဲ့အာက သူ့အာဏာကို အလွယ်လေး ထုတ်ပေးလိုက်တာက အံ့ဩစရာကို မဟုတ်တော့ဘူး..အရှင်ရှီရင်းသာဆိုရင် ငါမပြောနဲ့ ဧကရီအသစ်ကတောင် ဦးညွတ်ပြီးနှုတ်ဆက်ရမယ့်သူပဲ...'

ရှီရင်းက ရှေးအကျဆုံးဗန်ပိုင်းယားမျိုးဆက်ပဲ..သူ့ကို ဘယ်သူက ပြသနာ သွားရှာရဲမှာလဲ...

ဗန်ပိုင်းယားမုဆိုးတွေဘက်မှာလည်း ဝါရင့်လူကြီးတွေကလွဲရင် ကျန်တဲ့သူတွေအားလုံးက အိုက်ဝေလိုပဲ ကြောင်နေကြတယ်

'အဲ့ဒီလူက ဘယ်သူမို့လို့လဲ..သူ ထွက်လာတာနဲ့ အကုန်လုံးက ဦးညွတ်ပြီး အရိုအသေပေးကြရတယ်ပေါ့ '

ရှီရင်းရဲ့မျက်နှာမှာ အပြုံးဖျော့ဖျော့ တစ်ခု ပေါ်လာတယ် "သရဖူကို ယူခဲ့.."

ဖေးချီ"..!!!!!.."

'အရှင်ရှီရင်းက ဘာလုပ်မလို့လဲ..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now