Arc 8.4

4.2K 665 9
                                    

Unicode


အဆုံးမှာတော့ရှီရှန်းကအသားစားခွင့်ရလိုက်တယ်, အနည်းဆုံးအနံ့တော့ရှူရပါတယ်လေ

ဖုန်းကျင်းကရှီရှန်းပျံနေတဲ့ပုံစံကိုကြည့်လိုက်တယ်,
သူမအသားကိုကောက်ယူဖို့အသဲအသန်ကြိုးစားနေတာကိုမြင်တော့သူဆွံ့အသွားပြန်တယ်
' သူမကအပြုအမူတွေပဲပြောင်းလဲသွားတာမဟုတ်ဘဲနဲ့ဦးနှောက်ပါပျက်သွားတာလား'

တကယ်တော့ရှီရှန်းကဦးနှောက်မကောင်းတာမဟုတ်ပါဘူး..သူမရဲ့တစ္ဆေခန္ဓာကိုယ်နဲ့အသားမကျသေးရုံပါပဲ
'ဟင်.... အသားစားလို့မရဘူးတဲ့လား, မကောင်းဘူးး, သရဲဖြစ်ရတာကောင်းတယ်ကိုမရှိဘူး'

ရှီရှန်းက ဖုန်းကျင်းကိုကြည့်လိုက်တယ်
, ''ရှင့်မှာကျွန်မလူပြန်ဝင်စားနိုင်မယ့်နည်းလမ်းလေးများမရှိဘူးလား''

'ဇာတ်လိုက်ကောင်တောင်လုပ်နိုင်သေးတာပဲ,ငါကဘာလို့မလုပ်နိုင်ရမှာလဲ'

ဖုန်းကျင်းကသူမကိုကြည့်လိုက်တယ်သူ့ရဲ့မျက်ဝန်းတွေကစူးရှပြီးအေးစက်နေတယ်ပတ်ဝန်းကျင်အပူချိန်ကတောင်ဒီဂရီအနည်းငယ်ကျသွားသလိုခံစားနေရတယ်

ရှီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီးတော့စကားပြောဖို့လုပ်လိုက်တဲ့အချိန်မှာပဲသူမခန္ဓာကိုယ်ကလှုပ်မရတာကိုသတိထားမိလိုက်တယ် မမြင်နိုင်တဲ့ ​အေးစက်စက်သံကြိုးတွေကသူမခြေချောင်းတွေကိုချုပ်ထားပြီးတော့နည်းနည်းတောင်လှုပ်မရဘူး

'ချီး....ဘာတွေဖြစ်နေတာလဲဟ'

ဖုန်းကျင်းကမတ်တပ်ထလိုက်ပြီးတော့ရှီရှန်းရဲ့မေးစေ့ကိုသူ့ရဲ့ဖျော့တော့ရှည်လျားတဲ့လက်တွေနဲ့ထိလိုက်တယ်ခေါင်းကိုအပေါ်ကိုဆွဲယူလိုက်ပြီးသူ့ကိုကြည့်ခိုင်းတယ်

"နဥ်ရင်း......မင်းကိုနာ့လန်ရင်းကငါ့ဆီပြန်လာပြီးစမ်းသပ်ဖို့အတွက်ဘာတွေများပေးလိုက်တာလဲ.....''
သူထိလိုက်တဲ့အချိန်မှာရှီရှန်းရဲ့မေးစေ့ကဆာလဖျူရစ်အက်စစ်နဲ့အတို့ခံရသလိုမျိူးခံစားရတယ်
အဲ့ပူလောင်တဲ့ခံစားချက်က,သတ်သေချင်စိတ်ပါပေါက်တယ်

'ချီးလား.....ရှင့်ကိုဘယ်သူကစမ်းသပ်နေလို့လဲ'

ရှီရှန်းက ဖုန်းကျင်းရဲ့လက်နဲ့ထိတဲ့​နေရာကနာကျင်မှုကိုခံစားနေရတယ်
သိပ်မကြာခင်မှာပဲသူမရဲ့ဓားကိုလိုက်တယ်
'ကျွန်မကို အားနည်းတဲ့သူ​တော်စင်​လေးလို့များထင်နေလား'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now