Arc 5.24

5.2K 813 4
                                    

Unicode


ရှီရှန်းကပေ့မိသားစုကိုဒုက္ခပေးဖို့ကြိုးစားရင်းအလုပ်တွေရှုပ်နေတယ်

"မိန်းက​လေးပေ့, ပေ့အိမ်တော်ရဲလုပ်ငန်းတွေကဟိုးတောင်ထိပ်ကိုရောက်နေပြီ, ကျွန်တော်တို့ကအခုကျောက်တုံးကိုကြက်ဥနဲ့ခွဲနေသလိုပဲနော်"

"ဒါကပညာသားမပါဘူးလေ"ရှီရှန်းကအေးအေးဆေးဆေးပြန်ပြောတယ်

ရှီရှန်းကထိုင်ခုံတစ်ခုံပေါ်မှာတည်ငြိမ်တဲ့အမူအယာနဲ့ထိုင်နေပြီးတော့လက်တစ်ဖက်ကရေခဲမုန့်ကိုကိုင်ထားတယ်"ပုရွက်ဆိတ်တွေကတောင်ရေတွင်းတစ်တွင်းကိုဖျက်ဆီးနိုင်သေးတာပဲ...ငါတို့လုံ့လရှိနေသ၍မလုပ်နိုင်ဘူးဆိုတာမရှိစေရဘူး"

"ဒါပေမဲ့ကျွန်တော်တို့ ပုရွက်ဆိတ်တွေလိုတယ်လေ,ကျွန်တော်တို့ဆီမှာကျွန်တော်အပါအဝင်မှအလုပ်သမားက၁၀ယောက်ပဲရှိတာ....ပေ့အိမ်တော်ကလုပ်ငန်းတွေကိုဘယ်လိုမှီပါ့မလဲ''

ရှီရှန်းက သူ့ဆီကိုမျက်လုံးအကြည့်လွှဲလိုက်တယ်"ဘယ်သူကရောနင့်ကိုအတင်းလုပ်ခိုင်းနေလို့လဲ,ကိုယ့်ကိုယ်ကိုနီကျားများမှတ်နေလား"

(TN/ နီကျား/နယ်ကျား က ၀ူခုန်းကြည့်တဲ့လူ​တွေသိပါလိမ့်မယ်  နတ်ဘုရားတစ်ပါးပဲ)

CEO."......."

ရှီရှန်းကရေခဲမုန့်ကိုမြိုချလိုက်ပြီးဆက်ပြောတယ်
"ဒီကမ္ဘာပေါ်မှာလေ.....ပေ့အိမ်တော်ရဲ့စီးပွားရေးယိမ်းယိုင်သွားတာကိုလိုချင်တဲ့သူတွေမှအများကြီး.,မင်းလုပ်ရမှာကသူတို့ကိုရှာပြီးတော့လိုအပ်တဲ့သတင်းအချက်အလက်လေးတွေပေးလိုက်"

CEOကရုတ်တရပ်အလင်း​ပေါက်တယ်
သူကရှီရှန်းကိုလက်မအကြီးကြီးပေးပြီးတော့အသိအမှတ်ပြုလိုက်ပြီးရှီရှန်းကိုတဖြည်းဖြည်းနဲ့တောင်ကြောက်လာတယ်

"ရှင့်လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့သူကိုရောတွေ့ပြီလား''

"ဟုတ်ကဲ့တွေ့ပါပြီ,ဒါပေမဲ့လစာက...''

"သူလိုအပ်သလောက်ပေးလိုက်...ပြီးတော့သူ့စွမ်းဆောင်ရည်ကိုကြည့်ပြီးတော့နောက်ထပ်အမိန့်ကိုစောင့်နေ....အဲ့အတွက်ဆုလာဘ်လေးတွေလည်းရှိမယ်တခြားဘာပြဿနာမှမရှိတော့ဘူးမလား...လုပ်စရာရှိတာသွားလုပ်တော့,ဘာပဲဖြစ်ဖြစ်ငါတို့မှာစိုးရိမ်စရာမရှိတော့ဘူး....အခြားသူ​တွေစုံစမ်းလာမှာကိုလည်းကြောက်နေစရာမလိုအပ်ဘူး''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now