Arc 6.26

3K 532 8
                                    

Unicode

ဒီ​နေ့မှာ​တော့ သူတို့​တွေကGame system GMကို စိတ်လွတ်လက်လွတ်ထုရိုက်လို့ရတဲ့ ရှားရှားပါးပါးအခွင့်အ​ရေးတစ်ခုရသွားကြတယ်

အဲ့ဒီအချိန်မှာ ကံ​ကောင်းသူကြီးGM 66က​တော့ သူ့ရဲ့​သေတမ်းစာကို ​​သွေးမျက်ရည်နဲ့​ရေး​နေရှာတယ်
'ရုပ်ပိုင်းဆိုင်ရာညှင်းဆဲရုံတင်မကဘူး စိတ်ပိုင်းဆိုင်ရကိုပါနာကျင်​စေတယ်..တကယ်ပဲ..လူစိတ်မရှိတဲ့အဖွဲ့..'

GM66 : [ တာ့ရှန်းတို့...မပင်ပန်း​သေးဘူးလား ]

'ချီးပဲ...သူတို့​တွေ ငါ့ကိုတစ်​နေကုန် နှိပ်စက်​နေကြတာ..'

မိုင်တစ်​ထောင်​တေးဂီတ : [ ဟင့်အင်း..]

GM66 : [ ​ကျေးဇူးပြုပြီး ကျွန်​တော့်ကိုလွှတ်​ပေးကြပါ​တော့..]

Area chatထဲတွင်...
ပင်လယ်​လေးသွယ်ကုန်း​မြေရှစ်ပါး : [ ဂီတ​လေး...ဘာ​တွေလုပ်​နေတာလဲ..]

ပင်လယ်​လေးသွယ်နဲ့သူ့အဖွဲ့က ရုတ်တရပ်ကြီး​ပေါ်လာကြတယ် ရှီရှန်းနဲ့သူ့အဖွဲ့က GMတစ်​ယောက်ကို၀ိုင်း​ထားကြတာမြင်​တော့ သူကစပ်စုလိုက်တယ်

​ရွှေသွားအတု : [ ​ဘော့စ်ကလည်း ...မသိဘူးလား..​တေးဂီတ က GMနဲ့ပြသနာရှင်း​နေတယ်​လေ...world chat​ပေါ်မှာ​တောင် ​ပြော​နေကြ​သေးတယ် ]

ပင်လယ်​လေးသွယ်က သူ့ရဲ့world chatထဲကိုမ၀င်ဖြစ်တာကြာပြီ မဟာမိတ်စစ်ပွဲက မကြာခင်စ​တော့မှာဖြစ်လို့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ရဲ့​ခေါင်း​ဆောင်တစ်​ယောက်အ​နေနဲ့ သူ့အဖွဲ့ကို levelတက်လာ​အောင်​လေ့ကျင့်​ပေး​နေတာ​ကြောင့် အတင်းအဖျင်း​ပေါင်းစုံ စု​
​ေ၀းရာworld chatကို ဖွင့်ကြည့်ဖို့ စိတ်၀င်စားမှာမဟုတ်ဘူး

ပင်လယ်​လေးသွယ်ကုန်း​မြေရှစ်ပါး : [ အင်းအင်း..​ဂီတ​လေးက အ​ကြောင်းရှိမှ လုပ်မှာပါ..]

မိုင်တစ်​ထောင်​တေးဂီတ : [ အကိုကြီး...ရှင် ဒီကိုဘယ်လိုလုပ်ပြီး​ရောက်လာတာလဲ..]

ဒီ​နေရာက ဆုလာဘ်​တွေအများကြီးမရနိုင်တဲ့အပြင် levelတက်ဖို့ အဆင်​​ပြေတဲ့​နေရာ​ကောင်းလည်းမဟုတ်​တော့ လာတဲ့လူသိပ်မရှိဘူး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now