Arc 9.8

3.2K 560 6
                                    

Unicode

ဒါပေမဲ့ချန်းလန်ကတော့သူမကိုမမှတ်မိသလိုမျိုးခေါင်းတစ်ချက်ညိတ်ပြပြီးတော့တည်တည်ငြိမ်ငြိမ်ပဲနေနေတယ်

'မဟုတ်သေးဘူးလေ!!,ငါကလူ့ပြည်မှာတုန်းကလိုလှနေတုန်းပဲလေ,နာမည်လည်းအတူတူပဲကို, ချန်းလန်သာငတုံးမဟုတ်ရင်သူငါ့ကိုမှတ်မိသင့်တယ်လေ'

'ဘာလို့သူ့ပုံစံက '' ငါမင်းကိုမသိဘူးနော်,ဒါပေမဲ့ယဉ်ယဉ်ကျေးကျေးတော့နှုတ်ဆက်ပါ့မယ်'' ဆိုတဲ့ပုံပေါက်နေတာလဲ

ငါတစ်ကယ်ပဲစိတ်တွေရှုပ်လာပြီနော်'

"အဆင့်မြင့်နတ်ဘုရား ချင်းကွမ်း, ကျေးဇူးပြုပြီး ထိုင်ပါ'' သူမရဲ့ရှေ့မှာကောင်းကင်ဘုံရဲ့နတ်သူငယ်လေးနှစ်ယောက်ရပ်နေပြီးသူမကိုလေးလေးစားစားနဲ့ကြိုဆိုနေတယ်

သူမကိုကျောက်စိမ်းဧကရီဘေးကလွတ်နေတဲ့နေရာမှာထိုင်ခိုင်းတယ်သူမအပါအဝင်ဆိုရင်စုစုပေါင်းအဆင့်မြှင့်နတ်ဘုရားလေးပါးရှိပြီးတော့နှစ်ယောက်ကတော့မလာဘူး သူတို့နှစ်ယောက်ကတံခါးပိတ်ကျင့်ကြံနေတာဖြစ်လို့ကောင်းကင်ဘုံမှာမရှိသေးဘူး

ကျောက်စိမ်းဧကရာဇ်နဲ့ ဧကရီတို့ကအဆင့်မြှင့်နတ်ဘုရားတွေမဟုတ်တာကြောက့် သူတို့တွေကိုအပြစ်မပြုမိအောင်သတိထားကြတယ်

အဆင့်မြင့်နတ်ဘုရား တွေမှာအရှိန်အဝါမရှိဘူးဒါပေမဲ့သူ့တို့မှာအင်အားရှိတယ်

ကျောက်စိမ်းဧကရာဇ်နဲ့ဧကရီတို့ကတော့အင်းအားမရှိပေမဲ့အရှိန်အဝါတွေရှိတယ်

ဒါကြောင့်သူတို့နှစ်ဖက်ကအင်အားမျှနေတာဖြစ်တယ်

"ဂုဏ်ယူပါတယ်အဆင့်မြင့်နတ်ဘုရားချင်းကွမ်း''ကျောက်စိမ်းသခင် ကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်

"ထိုက်တန်တဲ့ချီးမြှောက်မှုပါပဲ''

ချင်းကွမ်း ကအဆင့်မြင့်နတ်ဘုရားဖြစ်လာဖို့အတွက်အရမ်းကိုလုံ့လရှိရှိနဲ့ကြိုးစားခဲ့ရတာ သူမမျှော်မှန်းထားတာကလည်းအဆင့်မြင့်နတ်ဘုရားဖြစ်လာဖို့ပဲ ဒါကြောင့်ရှီရှန်းကဒီချီးမြှောက်မှုကိုအရှက်မရှိစွာလက်ခံလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now