Arc 5.18

5.3K 822 11
                                    

Unicode

ရှောင်ယန်းတောင်မှာအခြားပွဲတစ်ပွဲရှိနေသေးတယ် လေ့လာရေးထွက်လာတဲ့သူတွေကရုတ်တရက်မိုးသဲသဲမဲမဲရွာတာကိုကြုံလိုက်ရတာ​ကြောင့်ခနလောက်စောင့်နေပြီးမှဆက်ထွက်မယ်လို့ကြံစည်ထားပေမဲ့မိုးကတစ်ညလုံးသဲကြီးမဲကြီးရွာနေတယ်

ရလဒ်အနေနဲ့သူတို့တွေကတောင်ပေါ်မှာပိတ်မိနေပြီးအခြားဘယ်သူကိုမှလှမ်းဆက်သွယ်လို့မရဘူးဖြစ်နေတယ်

"ဘယ်လိုတောင်ဆိုးဝါးတဲ့ကံလဲ...,ငါတို့အစကတည်းကနေရာပြောင်းပါမယ်လို့အကြိမ်ကြိမ်တိုက်တွန်းထားတာကို, အခုကြည့်, ဒီမှာပိတ်မိ​ကုန်ကြပြီ''

"ထားလိုက်တော့, ဒီနေရာကနေထွက်ဖို့ကိုပဲစဥ်းစားကြတာပေါ့''

"ငါတို့ဘယ်လိုထွက်ကြမလဲ, ဒီလောက်မိုးသဲနေတာကိုတောင်ဆင်းမလို့လား,မှောင်မှောင်မဲမဲကြီးထဲမှာလေ,သေလမ်းကိုရွေးလိုက်သလိုပဲ''

"ဟုတ်တယ်,အောက်ကိုဆင်းတာလည်းဘာမှမထူးဘူး, မမေ့ကြနဲ့အပေါ်မှာအပန်းဖြေစခန်းရှိနေသေးတယ်ဆိုတာ,ငါတို့ဒီတိုင်းအကူအညီလာတာကိုပဲစောင့်နေသင့်တယ်လို့ထင်တယ်"

ဆရာမကကျောင်းသားတွေကိုဆူလိုက်တယ်ပြီးတော့သူတို့တဲအနည်းငယ်ကိုဖျက်ပစ်လိုက်တာကြောင့်တဲတစ်ခုကိုနှစ်ယောက်သုံးယောက်လောက်နေရတယ်

ရှီရှန်းက တဲကိုမှီနေပြီးတော့မအခြားအပြင်ကလူတွေဆူညံနေတာကိုလျစ်လျူရှုကာမိုးသံကိုပဲနား​ထောင်​နေလိုက်တယ်
သူမရဲ့အမူအရာကအမျိုးမျိုးပြောင်းလဲနေပြီးအခြားတစ်ဖက်မှာတော့ဖူချင်းကသူမရဲ့ပုံစံကိုထိုင်ပြီးအကဲခတ်နေတယ်

မိုးရွာတဲ့အသံတွေကပိုပိုပြီးတော့ကြမ်းတမ်းလာပြီးတစ်စုံတစ်ယောက်ငိုနေတဲ့အသံကကိုထင်ထင်ရှားရှားကြားနေရတယ်
အချိန်တော်တော်ကြာငိုနေပြီး​နောက်မှာ​တော့တော့အဲဒီလူကငယ်သံပါအောင်ထအော်တော့တယ်

ရှီရှန်းရဲ့မှေးနေတဲ့မျက်လုံးတွေကကျယ်သွားတယ်သူမကဘေးနားမှာရှိနေတဲ့ဓာတ်မီးကိုယူပြီးတော့ဖူချင်းကိုအလင်း​ရောင်နဲ့ထိုးလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now