Arc 5.27

5.1K 756 3
                                    

Unicode

'စကား​ပြောဖို့လား...အတင်းအကျပ်အဖမ်းထားခံရပြီးမှ​တော့စကား​ပြောဖို့လို​သေးလား...'

"မင်းစကား​ပြောချင်တယ်ဆိုရင် အိမ်ကိုပြန်လာလိုက်လို့ရတာပဲ...ဘာဖြစ်လို့ ဒုက္ခရှာချင်​နေရတာလဲ" ​ပေ့သခင်ကြီးကတည်တည်ငြိမ်ငြိမ်ပဲပြန်​ပြောလိုက်တယ်

"ကျွန်မမှာ​ရွေးချယ်စရာမရှိဘူး​လေ"
ရှီရှန်းရဲ့အမူအရာက ကူကယ်ရာမဲ့​နေပုံ​ပေါ်တယ် "မိဘမဲ့တစ်​ကောင်ကြွက်တစ်​ယောက်အ​နေနဲ့ ​နောက်ခံအင်အားလည်းမရှိ အသိုင်း၀ိုင်းလည်းမရှိဆို​တော့ ​ပေ့မိသားစုအိမ်​တော်ကိုဘယ်လိုလုပ်၀င်လာရဲပါ့မလဲ...အဲ့ဒါ​ကြောင့် ကျွန်မလည်း ဒုတိယနည်းလမ်းကိုပဲ​ရွေးလိုက်ရ​တော့တာ​ပေါ့..."

​ပေ့သခင်ကြီး "........."
'​ပေ့မိသားစုက နင့်ရဲ့​နောက်ခံအင်အားမဟုတ်ရင် ဘာကြီးလဲ...နင်ကသာ​ပေ့မိသားစုကသမီးမဟုတ်ရင်ငါတို့ကိုပြန်​ပေးဆွဲဖို့ဒီ​လောက်လွယ်​နေပါ့မလား..'

"စိတ်မပူပါနဲ့ ရှင်တို့ကိုဘာမှမလုပ်ပါဘူး.."
ရှီရှန်းကလက်ကိုအသာ​ေ၀့ယမ်းလိုက်တယ်
"ရှင်တို့က ဒီအသိုင်းအ၀ိုင်းမှာ အ​တော်​လေးထင်ရှားတဲ့သူ​တွေပဲ...ကျွန်မကဘယ်လိုလုပ်ပြီးသတ်ရဲပါ့မလဲ..."

ရှီရှန်းရဲ့စကားကိုကြားလိုက်​တော့မှ​ ပေ့သခင်ကြီးလည်း စိတ်သက်သာရာရသွား​တော့တယ် 'လူ​တွေကိုမထိခိုက်ရင် ​တော်ပါပြီ'

ဒါ​ပေမယ့်သူစိတ်အေးမလို့ရှိနေသေးတဲ့အချိန်မှာပဲသူ့ရှေကမိန်းမပျိုလေးရဲ့ရေရွတ်သံကိုကြားလိုက်ရတယ်
"အနည်းဆုံးတော့ကျွန်မliveလွှင့်သင့်တယ်မဟုတ်လား,ရှင်တို့အတွက်ဒါကအသင့်တော်ဆုံးပဲ"

​ပေ့သခင်ကြီးက​သွေးတစ်ပွက်​​လောက် အန်ထုတ်မိ​တော့မလိုဖြစ်သွားတယ်
'ငါတို့က မြွေဆိုး တစ်​ကောင်ကိုပျိုး​ထောင်မိသွားတာပဲ!!!!​ခွေး​တောင်မှ အစာတစ်ခါ​လောက်​ကျွေးဖူးတဲ့လူကို နှစ်​ပေါင်းများစွာကြာတဲ့အထိမှတ်မိတယ် သူမကို​တော့ ငါတို့က ဒီအသက်ဒီအရွယ်ထိ​ရောက်​အောင် ​ကောင်း​ကောင်းမွန်မွန်​ကျွေး​မွေးပြုစုပြီးလို​လေ​သေးမရှိ​အောင် ​ထောက်ပံ့ထားခဲ့ပြီးမှ!!!!! '

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now