Arc 8.7

3.8K 668 14
                                    

Unicode

အဘိုးအိုကသူတို့ကိုလမ်းပြဖို့​ရှေ့ကသွားတုန်းမှာ ဖုန်းကျင်းကရှီရှန်းကိုခပ်တိုးတိုးသတိ​ပေးတယ်
"အရှုပ်​တွေမလုပ်နဲ့.."

ရှီရှန်းကသူမရဲ့ဓါးကို လျှပ်စစ်ပန်ကာလို တ၀ီ၀ီမြည်သွား​အောက်​​ေ၀ှ့ယမ်းလိုက်တယ်
သူမရဲ့မျက်နှာအမူအရာကလည်း*ငါနားမ​ထောင်ဘူး..ငါလုပ်ချင်တာလုပ်မှာပဲ...မ​​ကျေနပ်ရင်လာသတ်* လို့​​ပြော​နေတဲ့အတိုင်းပဲ..

ဖုန်းကျင်းက သူမကို​ခေါ်လာမိတာမှားပြီလို့ခံစားလိုက်ရတယ်
'သူမကိုအိမ်ပြန်ပို့ဖို့သိပ်​နောက်ကျသွားပြီ'

ဖုန်းကျင်းကသူတို့ရဲ့စာချုပ်ဆက်နွယ်မှုကိုအသုံးချပြီးသူမကိုဖိနှိပ်ဖို့ကြိုးစားတယ်
ဒါ​ပေမယ့်....

"လုပ်ရဲရင်လုပ်လိုက်​လေ...ကျွန်မ၀ိညာဥ်ပြိုကွဲသွားရင်​တောင် ရှင့်ကိုငရဲထိဆွဲ​ခေါ်သွားမှာ...ကျွန်မက၀ိညာဥ်ပြိုကွဲသွားမှာကိုလည်းမ​ကြောက်ဘူး​နော်...." ရှီရှန်းရဲ့သတိ​ပေးစကားကသူ့နားထဲကိုတန်း​ရောက်လာတယ်

ဖုန်းကျင်း "......"
'​ခွေး​တောင်မှ​ချောင်ပိတ်ပြီးရိုက်ခံရရင်ပြန်ကိုက်တတ်ကြတယ် ...ငါတို့မှာ သခင်နဲ့​အ​စေခံ ​သွေးစာချုပ်ရှိ​နေရင်​တောင် သူမသာတကယ်တဇွတ်ထိုးလုပ်မယ်ဆိုရင်တားလို့မရနိုင်ဘူး...ဒါ့အပြင် အဲ့ဒီဓါးကြီး...'

"​တော်သင့်ပြီ" ဖုန်းကျင်းကဘာမှမတတ်နိုင်ဘဲ သူမကိုစကားနဲ့သာထပ်သတိ​ပေးလိုက်ရတယ်

"ရှင်ကျွန်မအတွက်အ၀တ်အစားအသစ်​တွေမီးရှို့​ပေးမယ်လို့ကတိ​ပေးရင် ရပ်လိုက်မယ်"

'​ခွေးကိုအ၀ှာပြု​နေရသလိုပဲ...အ၀တ်အစား​လေးရဖို့အ​ရေးဒီ​လောက်ထိ​တောင်ကြိုးပမ်း​နေရတယ်လို့...'

ဖုန်းကျင်းကမျက်မှောင်ကျုတ်လိုက်တယ်
"​ကောင်းပြီ"

ရှီရှန်းကပြုံးလိုက်ပြီးဓါးကိုချက်ချင်လွှတ်ချလိုက်တယ်
ဖုန်းကျင်း "...."

အဘိုးကြီးကသူတို့ဘက်ကိုလှည့်ကြည့်​တော့မလိုလုပ်လိုက်​တော့ ဖုန်းကျင်းကဓါးကိုအသည်းအသန်ဖမ်းလိုက်ရတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now