Arc 10.26

2.7K 433 0
                                    

Unicode

ရှီရှန်း ကသူမဝင်လာတာကိုမကြေငြာဘူး အဲ့အစားရှီရင်းရဲ့ဘေးကနေပဲတိတ်တဆိတ်လိုက်လာတယ် ပြီးတော့ရှီရင်းကသူမရှေ့ကနေကာပေးထားတာကြောင့်သူမက အခုလောလောဆယ် နာမည်ကြီးနေတဲ့လင်းရှန်း နဲ့တစ်ပုံစံတည်းတူတယ်ဆိုတာကိုသတိမပြုမိကြဘူး

ရှီရှန်း က သူမအရင်ပုံစံနဲ့မတူဘဲ တိတ်တိတ်ဆိတ်ဆိတ်နေနေတာကို ရှီရင်းသတိထားမိတယ်

အဲ့တာကြောင့်သူမလက်ကိုရှီရင်းတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိတယ်

ကြီးကျယ်ခန်းနားလွန်းတဲ့ရဲတိုက်ကြီးကနှင်းဆီရနံတွေသင်းနေတယ်

ရှီရှန်းကအခန်းထောင့်နားမှာခင်းထားတဲ့စားပွဲခုံကိုကြည့်နေတယ် ခုံပေါ်မှာပန်းအိုးတွေနဲ့အလှဆင်ထားပြီး အနီရောင်အရည်တွေထည့်ထားတဲ့ဖန်ခွက်တွေအများကြီး တင်ထားတယ်

ကြည့်ရတာ နှင်းဆီနံ့ခပ်ပြင်းပြင်းကအဲ့ကလာတာထင်တယ်

ရှီရင်းကသူမဘာကိုအာရုံစိုက်နေတာလဲသတိပြုမိတာကြောင့် သူမကိုရင်ခွင်ထဲထည့်ပြီးအသံတိုးတိုးလေးနဲ့ရှင်းပြတယ်
"အဲ့အရည်တွေကို ကျင်းလော့ လို့ခေါ်တယ် အဲ့တာတွေက မင်းဗိုက်ဆာတာကိုတားနိုင်တယ်ဒါပေမဲ့မူးယစ်ဆေးလိုမျိုးစွဲသွားလိမ့်မယ်"

"ရှင်ကျွန်မကိုတိုက်ဖူးတဲ့ဟာလား"

"အင်း, ကိုယ်တောင်းပန်ပါတယ်"ရှီရင်းကအဲ့တာကိုဖုံးကွယ်ဖို့မကြိုးစားတော့ဘူး
'ကံကောင်းစွာနဲ့ပဲ, ငါသူ့ကိုတစ်ခွက်ပဲတိုက်မိလို့'

ရှီရှန်း ကဘာမြှပန်မပြောဘဲ အခြားတစ်ဖက်ကိုသာလှည့်သွားတယ်

ဗန်ပိုင်းယားတွေနဲ့ဗန်ပိုင်းယားမုဆိုးဆိုပြီး ခန်းမထဲမှာ အုပ်စုနှစ်စု ခွဲပြီးနေနေကြတယ် ဒါပေါ့,နှစ်ဖက်စလုံးမှာရန်ငြိုးတွေရှိနေပေမယ့် ညီလာခံမှာတော့သည်းခံရမယ်

ရှီရှန်း က တုကြွယ်ကိုဗန်ပိုင်းယားမုဆိုးတွေရဲ့ဘေးမှာတွေ့တယ်သူ့ပုံစံကစိတ်မသက်မသာဖြစ်နေပြီးဘေးနားကလူကိုစကားပြောနေတယ်ကြည့်ရတာနှစ်ယောက်သားအငြင်းပွားနေကြပုံပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now