Arc 5.13

5.3K 810 4
                                    

Unicode

အဲ့ဒီ​နေ့အ​ခြေအ​နေပြီးကတည်းက ​ပေ့ကျဲ့လည်း သူမ​မြင်ကွင်းက​နေအချိန်အ​တော်ကြာ​ပျောက်သွားပြီး ​ရှောင်းယန်​တောင် ကိုသွားမယ့် ​နေ့​ ရောက်မှပြန်​ပေါ်လာတယ်

ရှီရှန်းက ဘတ်စ်ကားနားမှာ​စောင့်​နေရင်း ဖူချင်းဆီဖုန်း​ခေါ်လိုက်တယ် ဖုန်းကခန​လောက်အကြာမှာ၀င်သွားပြီး တစ်ဖက်လူက ဖုန်းကိုကိုင်ပြီးမှ ပါ၀ါပိတ်သွားတယ်...

ရှီရှန်း "..........."

'ငါသူ့ကိုသွားသတ်လိုက်တာပဲ​ကောင်းမလား...သူ့ဆန္ဒကိုမြန်မြန်ဖြည့်ဆည်း​ပေးရာကျတာ​ပေါ့...'
ရှီရှန်းကသက်​တော်​စောင့်ရဲ့ဖုန်းကို​ပြောင်းဆက်လိုက်တယ်
"ဖူချင်းဘယ်မှာလဲ..သူ​ပြော​တော့​သေချင်တယ်ဆို....အခုချက်ချင်းလာခဲ့လို့​ပြောလိုက်"

"မမ​လေး...ခင်ဗျား သခင်​လေးကိုဘယ်​ခေါ်သွားမလို့လဲ.."
ဖုန်းကိုင်တဲ့သူက ဦး​လေးကျန်းဖြစ်တယ် ရှီရှန်းကခန​လောက်​ကြောင်သွားပြီးဖုန်းနံပါတ်ကိုပြန်စစ်လိုက်တယ်
'သက်​တော်​စောင့်ရဲ့ဖုန်းဟုတ်ပါတယ်..သူကဘာကိစ္စဖုန်းကိုင်ရတာလဲ'

"​ရှောင်းယန်​တောင်ကို​​လေ..."
ရှီရှန်းကပြန်​ဖြေလိုက်တယ်

"ဘာအတွက်များပါလိမ့်..."
"ကြယ်​တွေစုံတဲ့​ကောင်းကင်ကြီးကိုကြည့်ပြီး ဘ၀အ​ကြောင်းဆွေး​နွေးဖို့​လေ..."
ရှီရှန်းက စိတ်မရှည်​တော့တဲ့အတွက် ရွဲ့ပြီး​ဖြေလိုက်တယ်

အချိန်အ​တော်ကြာတဲ့အထိဦး​လေးကျန်းဘက်ကဘာစကားမှမကြားရဘဲ ဖူချင်းရဲ့အသံကိုသာကြားလိုက်ရတယ်
သူကစကားလုံး​လေး၃လုံးပဲ​ပြောတယ်
"​ကျောင်းဂိတ်၀.."

'ချီးပဲ....'
ရှီရှန်းက ဖုန်းကို အိတ်ထဲပြန်ထည့်ပြီးဆရာမဆီအ​ကြောင်းသွားကြားလိုက်ရတယ်
ဘတ်စ်ကားက ​ကျောင်းဂိတ်ပို​ရောက်တဲ့အခါမှာ ခနရပ်​ပေးတယ်

ဘတ်စ်ကားက ​ကျောင်းဂိတ်၀​မှာ ဖြည်းဖြည်းချင်းထိုးရပ်သွားပြီးရှီရှန်းကလည်းအ​ရှေ့ဆုံးခုံက​နေထသွားတာ​ကြောင့် ​ကျောင်းသား​​တွေလည်း ​ကြောင်သွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now