Arc 8.25

3.5K 677 8
                                    

Unicode

ရှီရှန်းရဲ့နှုတ်ခမ်းတွေကတွန့်ကွေးသွားတယ်''နဥ်ရှန့်....နင့်ရွေးချယ်မှုကဒါဆိုမှတော့ငါဘာမှမပြောတော့ဘူး, ဒါပေမဲ့နင့်ရဲ့ပုံပြင်ကအလိမ်အညာတွေအများကြီးပဲဟုတ်တယ်မလား....မူလဇာတ်လမ်းကအဲ့လိုမဟုတ်ဘူးထင်တယ်​နော်''

နဥ်ရှန့် ရဲ့မျက်လုံးတွေကပြူးကျယ်သွားတယ် သူမပြောလိုက်တဲ့အထဲမှာဘာမှားသွားလဲလို့ချက်ချင်းပြန်စဥ်းစားတယ် ဒါပေမဲ့အရမ်းတွေထိတ်လန့်နေတာမို့သူမဘာပြောလိုက်တာလဲမမှတ်မိတော့ဘူး

'ငါဘာမှားပြောလိုက်လို့လဲ,ဒါမှမဟုတ်,သူမကမှတ်ညဏ်တွေပြန်ရနေရဲ့သားနဲ့ငါ့ကိုလာကစားနေတာလား'

သူမရဲ့ကြောက်ရွံနေတဲ့ပုံစံကိုမြင်ပြီးတော့ရှီရှန်းကလှောင်ပြောင်တဲ့လေသံနဲ့ပြောလိုက်တယ်'' မဟုတ်ပါဘူး,ငါမှတ်ဥာဏ်ပြန်မရသေးဘူး,နင့်ပုံပြင်အရဆိုရင်ငါကပိုပြီးအလေးပေးခံရတယ်ဆိုတော့နင်နဲ့နဥ်ယန်ကအပစ်ပယ်ခံရမှာပဲလေ...ဟုတ်တယ်မလား,အဲ့လိုအချိန်မှာတောင်မှငါ့အစားနင်က လက်ထပ်ပေးပြီးတော့ကူညီပေးတယ်ဆိုပဲ...ယုံချင်စရာကြီးနော်...ပြီး​တော့..ငါ့ကိုညီမနှစ်ယောက်ကြားကချစ်ခြင်းမေတ္တာတွေဘာတွေလာမပြောနဲ့, နင်သာအဲ့လောက်ထိကိုယ့်ညီမကိုဂရုစိုက်တယ်ဆိုရင်စစတွေ့ခြင်းမှာငါ့နာမည်အပြည့်အစုံကိုခါးခါးသီးသီးခေါ်မှာမဟုတ်ဘူး,အဲ့ဒီအပြင်စစတွေ့ချင်းမှာနင်ကအရမ်းကိုကြောက်လန့်နေတယ်...ပြီးတော့ငါဘာပြောမလဲဆိုတာကိုပါထိတ်လန့်လွန်းနေတဲ့ပုံပဲ...,နဥ်ရှန့်!! နင့်ရဲ့ချစ်လှစွာသောညီမလေးကိုပထမဆုံးပြန်တွေတဲ့အချိန်မှာဝမ်းသာပြီးစိတ်လှုပ်ရှားရမဲ့အစား, ကြောက်ရွံပြီးစိုးရိမ်နေတဲ့ပုံစံဖြစ်နေတာကိုအရင်ရှင်းပြစမ်းပါ!!. ...''

နဥ်ရှန့်ကသူမအကျီကိုခေါက်တင်လိုက်ပြီးတော့ရှင်းပြတယ်''ငါတို့မတွေ့ရတာအရမ်းကြာနေပြီလေ,ငါနင့်ကိုလန့်တယ်ဆိုတာဖြစ်သင့်တယ်မဟုတ်လား''

"ကြည့်ရတာ, နင်ကအခုထိအမှန်ကိုထုတ်မပြော​သေးဘူးပဲ''

ရှီရှန်း ကနဥ်ရှန့်ကိုပထမဆုံးစမြင်ကတည်းက မနှစ်မြို့သလိုခံစားရတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now