Arc 9.11

3.1K 511 1
                                    

Unicode

ပထမတစ်ကောင်ကိုသတ်ပြီးတာနဲ့နောက်ထပ်ဖြူးကောင်တွေအများကြီးဆက်တိုက်ပေါ်လာတော့တယ်

သူတို့ရဲ့ပထမအစီအစဉ်ကတစ်ယောက်ယောက်ထောင်ချောက်မိသွားတာကိုစောင့်ဖို့ဖြစ်တယ်
ဒါပေမယ့်ရှီရှန်းကတစ်ကောင်ပြီးတစ်ကောင်လိုက်သတ်နေတာကိုမြင်တဲ့အခါမှာသူတို့တွေဆက်ပြီးစောင့်မနေနိုင်တော့ဘဲထွက်လာကြပြီးတော့ရှီရှန်းကိုဒေါသတစ်ကြီးစိုက်ကြည့်ကြတော့တယ်

ရှီရှန်းကဓားကိုလှည့်လိုက်ပြီးတော့ ဖြူးကောင်တွေကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်တယ်

'ဒီလောက်အရေအတွက်များလား...ဖီး.. နင်တို့ဦးနှောက်တွေနဲ့များငါ့ကိုဓားပြလာတိုက်ချင်နေသေးတယ်,အိမ်မက်ထဲမှာပဲရမယ်'

ဖြူးကောင်တွေရဲ့တိုက်ခိုက်ပုံကနည်းနည်းတော့ထူးဆန်းတယ် သူတို့ရဲ့အဆိပ်ရှိတဲ့ဆူးတွေကိုပစ်လွှတ်ပြီးတော့တိုက်ခိုက်ကြတယ်

ဒါပေမဲ့ဒီအဆိပ်တွေကရှီရှန်းကိုမသက်ရောက်ဘူး ဒါကြောင့်ရှီရှန်းကသူတို့ကိုလွယ်လွယ်ကူကူပဲအနိုင်ယူလိုက်နိုင်တယ် သူမဘေးကိုကပ်လာတဲ့ဖြူးကောင်မှန်သမျှသွေးသံရဲရဲနဲ့အဆုံးသတ်သွားတာချည်းပဲ

ပထမဆုံးသူတို့ရဲ့အကြံကငါးစာလာဟပ်တာကိုစောင့်ကြမယ် အကယ်၍အဲ့တာကသာအသုံးမဝင်ဘူးဆိုရင်သူတို့တွေအုပ်စုလိုက်တိုက်မယ် ဒါပေမဲ့သူတို့ကအရမ်းအားနည်းတာကြောင့်ရှီရှန်းကသူတို့ကိုအမြစ်ဖြုတ်ပစ်လိုက်တယ် သူတို့နဲ့ဆွေးနွေးရမှာကအင်အားကုန်ယုံပဲရှိတယ်

ရှီရှန်းကလမ်းဆက်လျှောက်လာပြီးတော့လူသားတစ်ယောက်ကိုတွေးတယ် အဲ့ဒါကမိန်းကလေးတစ်ဦးပြီးတော့ မသေမရှင်ဖြစ်နေတဲ့သူပေါ့

မိန်းကလေးကိုကြည့်ရတာမရင့်ကျက်သေးတဲ့ပုံပေါ်တာကြောင့်သူမကိုအသက်၁၂,၁၃လောက်ပဲရှိမယ်လို့ရှီရှန်းထင်လိုက်တယ် ပြီးတော့အဲဒီမိန်းကလေးကအချိန်မရွေးအသက်ထွက်သွားတော့မလိုကိုအသက်ကိုအတင်းအားယူရှူနေရတယ်

ရှီရှန်းကထိုင်ချလိုက်ပြီးအဲ့မိန်းကလေးရဲ့ကိုယ်ကိုစစ်ကြည့်တယ် စာတစ်စောင်တွေ့တယ်စာအပေါ်မှာရေးထားတဲ့လက်ရေးတောင်ဖတ်မရတာကြောင်သူမအထဲကစာကိုဖတ်ဖို့မကြိုးစားတော့ဘူး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now