Arc 6.30

3.3K 577 13
                                    

Unicode

ရှီရှန်းက သူ့ကိုရောင်းမယ်လို့ပြောလိုက်ပေမဲ့ချက်ချင်းတော့မဟုတ်ဘူး

အမြတ်ကြီးစားသူကထပ်ပြီးတော့တွန်းအားမပေးတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ်ဒီပစ္စည်းရဲ့တန်ဖိုးကလျော့သွားမှာမှမဟုတ်ပဲ

အရောင်းအဝယ်တွေလုပ်ပြီးတဲ့အခါမှာရှီရှန်းကမင်ရည်ရှာဖွေသူကိုငွေတွေပေးလိုက်တယ်

မင်ရည်ရှာဖွေသူ:[ညီတူမျှတူခွဲယူမယ်လေ]

မိုင်တစ်ထောင်တေးဂီတ:[မလိုပါဘူးတကယ့်ငွေတွေပြန်ပေးနိုင်ဖို့သာလုပ်စမ်းပါ]

မင်ရည်ရှာဖွေသူ:[မင်းဘာတွေကြံနေပြန်တာလဲ]

'သူမလေသံကတစ်ခုခုထူးဆန်းနေတယ်'

မိုင်တစ်ထောင်တေးဂီတ:[မှန်းကြည့်လေ]

ဒီရက်ပိုင်းအတွင်းမှာပဲရှီရှန်းကကျောင်းတက်လိုက်ဂိမ်းဆော့လိုက်နဲ့ပိုပိုပြီးတော့အလုပ်တွေရှုပ်နေတယ်
အဲ့ရက်တွေအတွင်းမှာလီရှို့ကသူ့ပုံမှန်အကောင့်ကိုပြန်ရသွားပြီဖြစ်တယ်

မဟာမိတ်စစ်ပွဲမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကသူနဲ့သူ့ရဲ့သူငယ်ချင်းကောင်းတွေကြားမှာပဋိပက္ခတွေဖြစ်​လာစေပြီးတော့စန်းယွီနဲ့ဆက်ဆံရေးမှာလည်းပြဿနာတွေအများကြီးပေါ်လာတယ်

ရှီရှန်းက အမြဲတမ်းစန်းယွီလိုအပ်တဲ့အချိန်မှာပေါ်လာ​ပေးပြီးတော့သူမက 'မင်းလိုအပ်တဲ့အချိန်တိုင်းကိုယ်ရှိနေမယ် ' ဆိုတဲ့ပုံစံဖမ်းလေ့ရှိတယ်

မင်ရည်ရှာဖွေသူ ကတောင်မှပဲသူမကိုတွေ့ချင်တယ်ဆိုရင်ကြိုပြီးတော့ပြောရတယ်

ဒါပေမဲ့တစ်နေ့မှာတော့သူမကအရင်မင်ရည်ရှာဖွေသူကိုမေးတော့သူမမှာတစ်ခုခုဖြစ်နေပြီဆိုတာကိုသိလိုက်တယ်

သူတို့နောက်ကိုတစ်ချိန်လုံးလိုက်နေတဲ့GM66ကတောင်မှမင်ရည်ရှာဖွေသူပြဿနာရှာလိုက်..တောကောင်လိုက်သတ်လိုက်နဲ့လုပ်နေကြအလုပ်တွေကိုပဲလုပ်နေလို့ပျင်းလာတယ်

နောက်တစ်နေ့မှာစန်းယွီကလီရှို့ကိုသစ္စာဖောက်သွားတဲ့အကြောင်းပေါ်လာတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now