Arc 10.20

2.8K 432 0
                                    

Unicode

မီနိုင်းရဲ့မိသားစုက ဗန်ပိုင်းယားတွေနဲ့ဗန်ပိုင်းယားမုဆိုးတွေ ငြိမ်းချမ်းရေးမဆွေးနွေးခင် ဖြစ်တဲ့တိုက်ပွဲမှာသေ သွားကြပြီ အသက်ငယ်ငယ်လေးပဲရှိသေးတဲ့မီနိုင်းတစ်ယောက်ပဲကျန်ခဲ့တယ်

ခနအကြာမှာမင်းသားခဲ့အာကသူမကိုမွေးစားလိုက်တယ် မင်းသားခဲ့အာနဲ့သူ့ရဲ့မိသားစုကမီနိုင်းပေါ်မှာအရမ်းသဘောကောင်းကြတယ် အဲ့တာကြောင့်မီနိုင်းကိုယ်တိုင်လည်းသူတို့ကိုလေးစားတယ် သူမသူတို့နဲ့ ဝင်မဆံ့ဘူးလို့ခံစားနေရလို့သာအိမ်ကခွာပြီးလူတွေနဲ့ရောနေခဲ့တာဖြစ်တယ်

ခဲ့အာက မီနိုင်းBHAနဲ့ဖြစ်တဲ့ကိစ္စကိုမသိခဲ့ဘူး
မဟုတ်ရင်သူ့သမီးကိုဒီလိုမျိုးရက်ရက်စက်စက်သေခွင့်ပြုမှာမဟုတ်ဘူး

ရှီရှန်း ကခါးကိုမတ်ပြီးမီနိုင်းနဲ့သူ့မိသားစုရဲ့မှတ်ညဏ်တွေကိုပြန်တွေးနေတယ်

ဒါပေမဲ့လေးလံတဲ့တံခါးကရုတ်တရပ်ပွင့်လာပြီးအရပ်ရှည်ရှည်နဲ့ပုံရိပ်တစ်ခုဝင်လာတယ်

"ကိုယ့်ရဲ့မင်းသမီးလေး, ဒီက ကိုကိုကြီးကိုလာဖက်ပါဦး"

ရှီရှန်း ကဘေးကိုရှောင်လိုက်တာကြောင့်ရွေ့ရီက ဆိုဖာနဲ့ပြေးတိုက်မိတယ်

သူ့မျက်နှာကိုဆိုဖာပေါ်ကနေဖယ်ပြီးတော့သနားစရာကောင်းတဲ့မျက်ဝန်းတွေနဲ့ရှီရှန်းကိုကြည့်လိုက်တယ်
"မင်းသမီးလေး, ကိုကိုကြီးတို့မတွေ့ရတာအရမ်းကြာနေပြီနော်,ကိုကိုကြီးကို မလွမ်းဘူးလား? ဟင့်..ခံစားရတယ်,ကိုကိုကြီးအသက်တောင်မရှူနိုင်တော့ဘူး, မင်းသမီးလေးက မွှေးမွှေး ပေးမှကိုကိုကြီးအဆင်ပြေမှာနော်"

ရှီရှန်း ကရွေ့ရီကိုကြောင်ပြီးကြည့်နေတယ်

'ဒီလူကရွေ့ရီပဲနေမယ်'

ခဲ့အာရဲ့အကြီးဆုံးသားဖြစ်ပြီးသူကမီနိုင်းကြီးပြင်းလာတာကိုကြည့်ခဲ့ရတာ သူ့ရဲ့အချိန်အများစုကိုမီနိုင်းကိုအဝတ်အစားတွေဆင်ပေးရင်းနဲ့ကုန်ဆုံးခဲ့တယ်

သူမအရွယ်ရောက်လာတဲ့အထိကို ရွေ့ရီကသူမအတွက်အဝတ်အစားတွေဆင်ပေးတုန်းပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now