Arc 10.18

2.8K 416 0
                                    

Unicode
'ဝှက်သယ်ဖာ့ခ်!...အဲ့မသာမလေးက ဘယ်သူတုန်း..'

ရှီရှန်းက အခုလောလောဆယ် လုံးဝကို စိတ်ရှုပ်ထွေးနေတယ်                          '  'မီနိုင်းနဲ့ တစ်ထပ်တည်းတူတဲ့ ဇာတ်ကောင်က ဘယ်ကနေပါလာတာလဲ..system ထွက်ခဲ့စမ်းပါ..ငါတို့တွေ စကားလေးဘာလေး ပြောကြရအောင်.. ဒီကျက်သရေတုံး system မူလဇာတ်ကြောင်းထဲကို အပိုတွေထပ်ထည့်ထားတယ်ဆိုတာ ငါလောင်းရဲတယ်  '

[ "host ကို ခက်ခဲမှုအဆင့်က ပိုမြင့်လာမယ်လို့ ကြိုပြောထားတာပဲလေ.. မထင်မှတ်ထားတာတွေ ဖြစ်လာမှာက ပုံမှန်ပါပဲ " ]

"နင့်ခေါင်းကိုပဲ ပုံမှန်ဖြစ်..ခက်ခဲမှု အဆင့်ကို မြှင့်ဖို့အတွက်နဲ့ အပိုတွေထပ်ထည့်တာက ဖြစ်သင့်တယ်လို့ထင်လို့လား. ဒီကောင်မစုတ်လေးက ဘယ်သူလဲ..ငါ့ကိုပြောစမ်း..."

[ "ဒါက မူလဇာတ်ကြောင်းမှာကတည်းကပါတဲ့ ဇာတ်ကောင်တွေပါပဲ..ပြီးတော့ ကျွန်တော်က သာမန် system လေးပါ..မူလဇာတ်ကြောင်းထဲကို အပိုတွေထပ်ထည့်ဖို့ကတော့ hostက ကျွန်တော့်ကို အထင်ကြီးနေပြန်ပါပြီ.." ]

"အဲ့ဒါဆိုလည်း ဒီမသာမလေးက ဘယ်သူဆိုတာပြောပြလေ..မီနိုင်းမှာ မိသားစုဝင်တွေမရှိတော့ဘူး ဆိုတာ ငါ သေသေချာချာကြီးကို မှတ်မိတယ် ... မိသားစုဝင်တွေမရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ် ကို နားလည်လား..ဘာဆွေမျိုးမှ မရှိတော့ဘူးဆိုပြောချင်တာပဲ..အဲ့ဒါကို အမြွှာလို တစ်ထပ်တည်းတူနေတဲ့ အဲ့မိန်းမက ဘယ်ကနေခုန်ထွက်လာတာလဲ.."

[".........."] 'hostက အရမ်းကြောက်ဖို့ကောင်းတာပဲ..ငါ ခနလောက်shut down ချထားမှထင်တယ် '

Systemဆီကနေ ဘာအကြောင်းပြန်ချက်မှ မကြားရတော့တဲ့ အချိန်မှာတော့ ရှီရှန်းလည်း စိတ်တိုတိုနဲ့ ဓါးဆွဲပြီး တိုက်ပွဲထဲကို ဝင်လာခဲ့လိုက်တယ်

မီနိုင်းအတုကို တိုက်ခိုက်နေကြတဲ့ လူစုက ဧည့်သည်အသစ်ကိုမြင်တော့ အကြီးအကျယ် အံ့ဩထိတ်လန့်ကုန်ကြတယ်

'ဘာ..ဘလိုဖြစ်လို့ မီနိုင်း၂ယောက်ရှိနေရတာလဲ.အဖွဲ့ခေါင်းဆောင်ရေ..မြန်မြန်ပြန်လာခဲ့ပါတော့ဗျ ..ပြဿနာကြီးကြီးမားမားတော့ ရှိနေပြီ..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now