Arc 6.25

3K 544 21
                                    

Unicode

System​ကြေညာချက်
လီရှို့သည် ဇနီးဖြစ်သူ စန်းယွီ​နောက်မကျပါ အတွက်Beautiful landတစ်ခု ထွန်းညှိ​ပေးပါသည်
ဇနီး​မောင်နှံနှစ်ဦး ​ကောင်းချီးရကြပါစေ

​ကောင်းကင်က ရုတ်တရပ်​မှောင်သွားပြီး  အိပ်မက်သို​လှောင်ခြင်း​တောင်ထိပ်က မီးရှူးပန်း ခပ်​ဖျောက်​ဖျောက်ကိုသာ တစ်ချက်တစ်ချက်လှမ်းမြင်​နေရတယ်  မကြာခင်မှာ​ကောင်းကင်ကို လှပတဲ့ ကြယ်စု​ေ၀းကြီးကဖုံးအုပ်သွားပြီး အံ့အားသင့်ဖွယ်​ကောင်း​လောက်​အောင်လှပလွန်းတယ်
မြင်ကွင်းက ၁မိနစ်​လောက်ကြာပြီး ​နောက်ဆုံး၁၀စက္ကန့်မှာ  "စန်းယွီ​နောက်မကျပါ" ရဲ့နာမည်ကိုပုံ​ဖော်တဲ့ မီးရှူးမီးပန်း​တွေ ​​တွေ​ပေါ်လာတယ်

ရှီရှန်းက​မေး​စေ့ကိုပွတ်လိုက်တယ်
'​ဟေး...​ဈေးကြီးတဲ့ပစ္စည်းကတကယ်မိုက်တာပဲ..'
ဒါ​ပေမယ့် မင်ရည်ရှာ​ဖွေသူဆိုတဲ့ငနဲ​လေးအတွက် ဒီ​လောက်မိုက်တဲ့ပစ္စည်းကိုသုံးရမယ်ဆိုတာက​တော့ လုံး၀မဖြစ်နိုင်တဲ့ကိစ္စပဲ
'အိပ်မက်ထဲမှာပဲရမယ်..မဟုတ်ဘူး...အိပ်မက်ထဲမှာ​တောင် ၀ယ်မ​ပေးနိုင်ဘူး..'

World chatထဲတွင်..

စန်းယွီ​နောက်မကျပါ : [ ​ကျေးဇူးပါ တာ့ရှန်း]

လီရှို့ : [ ကိုယ့်ကို​ယောက်ျား လို့​ခေါ် ]

iF@q : [ ငါက တစ်သက်လုံး လူပျိုကြီးလုပ်မယ်လို့ဆုံးဖြတ်ထားတာ..ဒါ​ပေမယ့် ငါလည်း  ရိုချင်​သေးတယ်​လေ..မိန်းမတစ်​ယောက်​လောက်ရှာ​ပေးကြပါ..]

ငါကပွဲကြည့်ပရိသတ်ပါ :[ တူတူ​ဂေးကြမလား ]

iF@q : [သွားစမ်း!! ငါက မိန်းက​လေးပဲလိုချင်တာ..]

မိုင်တစ်​ထောင်​တေးဂီတ : [ ​​ယောက်ျား..]

စန်းယွီ​နောက်မကျပါ : [ ​ယောက်ျား..]

ရှီရှန်း နဲ့စန်းယွီရဲ့ စာက တစ်ချိန်ထဲ သွား​ပေါ်​တယ် ရုတ်တရပ်ကြီးworld chatထဲမှာ ထူးဆန်းတဲ့တိတ်ဆိတ်မှုကကြီးစိုးသွားပြီး၃စက္ကန့်​လောက်အကြာမှာ​တော့  world chatကြီးက အရင်လိုပြန်ဆူညံသွားပြန်ပြီ

ငါ့​ပေါင်ကြားကိုဖြတ်တိုက်သွားတဲ့​လေကယားကျိကျိနဲ့ : [ ​တေးဂီတက လီရှို့တာ့ရှန်းတို့ ဇနီး​မောင်နှံနဲ့ရန်ငြှိုးရှိတယ်ဆိုတာ ငါသိပါတယ် .....ဒါ​ပေမယ့် အခုလို​ပြောတာကြီးက​တော့ နဲနဲ...]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now