Arc 8.6

4K 696 30
                                    

Unicode

သူ​မွေးထားတဲ့သရဲက ရက်အ​တော်ကြာ​ပျောက်​နေတာကို ဖုန်းကျင်းကသတိထားမိတယ်  သူမ ဘယ်သွားပြီး ဘာ​တွေလုပ်​နေမှန်း သူလုံး၀မသိဘူး..

ရှီရှန်းဘာ​တွေလုပ်​နေတာလဲ?

သူမက ဖုန်းကျင်းနဲ့ချုပ်ဆိုထားတဲ့​သွေးစာချုပ်ကို​ပယ်ဖျက်ဖို့ ဒါ့မှမဟုတ် အဲ့ဒီစာချုပ်ကို​ပြောင်းပြန်လှန်ဖို့ နည်းလမ်းရှာ​နေတာ​လေ..
​သေချာတာ​ပေါ့..သူမက ဒုတိယတစ်ခုကိုပိုသ​ဘောကျတယ်..ဒါ​ပေမယ့်သူမမှာ ဘာနည်းလမ်းမှမရှိတဲ့အတွက် ပထမတစ်နည်းကိုပဲ ​ရွေးချယ်လိုက်ရတယ်

ဖုန်းကျင်း သူ့အခန်းထဲကထွက်လာလာချင်း ဧည့်ခန်းထဲမှာဟိုပျံဒီပျံလုပ်​နေတဲ့ ရှီရှန်းကို​တွေ့လိုက်ရတယ် ဒါကညအချိန်ဖြစ်ပြီး သူ့​နေရာမှာအခြားသူသာဆိုရင် လန့်လွန်းလို့​သေးထွက်ကျလိမ့်မယ်..
ဖုန်းကျင်းထွက်လာတာနဲ့ရှီရှန်းကသူ့ဆီကိုသွားတယ်
"ကျွန်မအတွက် အ၀တ်အစားအချို့မီးရှို့​ပေးစမ်းပါ..အား....ဒီအင်္ကျီကိုပဲ​နေ့တိုင်း၀တ်​နေရတာ..ရုပ်ဆိုးလွန်းလို့.."

ဖုန်းကျင်း"...."
'သူမ တကယ်ကို ငါ့ကို အပြင်လူလိုမဆက်ဆံတာပဲ...အင်း..အပြင် သရဲ လို့​​ပြောရမလား..'

"လုပ်စမ်းပါ..ကျွန်မကရှင်​မွေးထားတဲ့သရဲ​လေ...ကျွန်မကိုရုပ်ဆိုး​အောင်ဆင်ထား​တော့ရှင့်ကိုမျက်နှာပျက်​စေတာ​ပေါ့.."
ရှီရှန်းက ဆက်တိုက်​ပြော​နေတာ​ကြောင့် ဖုန်းကျင်းကသူမရဲ့ပါးစပ်ကိုအပ်နဲ့ချုပ်ပစ်ချင်စိတ်​ပေါက်လာတယ်

'တိတ်တ်ိတ်ဆိတ်ဆိတ်သရဲ​​လေးပဲပြန်လုပ်​နေလို့မရဘူးလား..'

ဖုန်းကျင်းရဲ့မျက်နှာကတဖြည်းဖြည်းဆူပုပ်လာပြီး သူမကိုလည်းဘာမှပြန်မ​ပြောတာကို​တွေ့​တော့ ရှီရှန်းက အ၀တ်အစားအသစ်ပူဆာတာကို ခန​လောက်လက်​လျှော့ထားလိုက်ပြီး သူ့ကိုထိဖို့ထပ်ကြိုးစားတယ်

တူညီတဲ့ကြိုးပမ်းမှုက တူညီတဲ့ရလဒ်ကိုပဲ​ပေးတယ်
ရှီရှန်းက နာကျင်သွားရတဲ့လက်​ချောင်း​လေး​တွေကိုနှိပ်နယ်ရင်း ပြတင်း​ပေါက်က​နေပျံထွက်သွားတယ်
'ငါ​တော့ သူ့​ကြောင့်​ဒေါသထွက်ရလွန်းလို့ ​နောက်တစ်ကြိမ်ထပ်​သေရ​တော့မယ်.. အ၀တ်အစားအသစ်​တွေမရဘူး...အသားလည်းမစားရဘူး..သူ့ကိုလည်းထိလို့မရဘူး..ဟင်း..ငါအိမ်က​နေထွက်​ပြေး​တော့မယ်..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now