Arc 10.35

2.7K 440 2
                                    

Unicode

အိုက်ဝေရဲ့ သည်းခံနိုင်စွမ်းကုန်ဆုံးတော့မယ့် အချိန်မှာပဲ ရှီရှန်းက ခန်းမထဲကို ဖြေးဖြေးချင်းဝင်လာတယ် ရှီရင်းက သူမကို လဲကျသွားမှာစိုးရိမ်နေသလို ဘေးကနေတယုတယတွဲပေးလာတယ်

အိုက်ဝေက စိတ်ထဲကနေ မဆဲဘဲ မနေနိုင်ဘူး..'စောက်ပိုတွေ..လမ်းလျှောက်လာရင်းနဲ့တော့ လဲမသွားပါဘူးဟဲ့..တအားတွေ အတုအယောင်ဆန်လိုက်တာ..'

ရှီရှန်းက ပလ္လင်မှာထိုင်လိုက်ပြီး ပျင်းရိစွာ သမ်းဝေလိုက်တယ် သူမက အိုက်ဝေဘေးနားက အမျိုးသားကို မြင်လိုက်တဲ့ အချိန်မှာ မပြုံးဘဲမနေနိုင်တော့ဘူး..

"မတွေ့ရတာကြာပြီနော်..စီနီယာ.."

"မီနိုင်း..ငါမင်းကို လျှော့တွက်ခဲ့မိတာပဲ.." 'သူမကတကယ်ကြီး ငါ့ရဲ့အစီအရင်ကို ဖောက်ထွက်နိုင်ခဲ့တယ်ပေါ့..'

"အင်း..ဟုတ်ပါပြီ..အခုတော့ ကျွန်မအကြောင်းသိသွားပြီဆိုတော့ နောက်တစ်ကြိမ်ကျရင် လျှော့မတွက်နဲ့တော့.." ရှီရှန်းက ပြုံးလိုက်တယ် ဒါပေမယ့် သူမအပြုံးက လှောင်ပြောင်ရိပ်သမ်းနေတယ် ဆိုတာကို မျက်စိပါတဲ့ လူတိုင်း မြင်နိုင်တယ်

စုန့်ကော်စန်း "......" 'ဒီမိန်းမ ဒီလောက်နှစ်တွေအကြာကြီး ဘယ်လိုများ အသက်ရှင်လာခဲ့ပါလိမ့်..'

စုန့်ကော်စန်းက ရှီရင်းကို လှမ်းကြည့်လိုက်တယ် ရှီရင်းကတော့ အိုက်ဝေနဲ့ သူ့ကို ရှိတယ်လို့တောင် ထင်ပုံမရဘဲ ရှီရှန်းရဲ့ လက်ချောင်းတွေနဲ့ ကစားနေတယ် သူက သူတို့ကို မျက်စိထဲတောင် မထည့်တာအသိသာကြီးပဲ

စုန့်ကော်စန်းက လက်သီးကျစ်ကျစ်ဆုပ်လိုက်မိတယ်

"ရှင်တို့နှစ်ယောက်က ဘာလို့ရောက်လာကြတာလဲ...ဘုရင်မကို လာပြီး အရိုအသေပေးကြတာလား.."

စုန့်ကော်စန်းက မာနကို ခနလောက်ဖိနှိပ်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်တယ် "မီနိုင်း..မင်းမှာ အခု ဘာအာဏာမှ မရှိတော့ဘူး..ငါတို့တွေ အပေးအယူလုပ်ကြမယ်ဆိုရင် ဘယ်လိုလဲ.."

"အိုး..အဲ့ဒါဆို ရှင်တို့ အာဏာယူထားတာက ကျွန်မနဲ့ အပေးအယူလုပ်ဖို့ပေါ့.." 'ရူးနေတာလား..ငါ့အတွက်တော့ အာဏာဆိုတာကြီးက ရှီရင်းရဲ့ လက်ချောင်းလေား တစ်ချောင်းနဲ့တောင် မယှဉ်နိုင်ပါဘူးနော်..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now