Arc 10.27

2.7K 439 1
                                    

Unicode

တိုက်ပွဲဖြစ်လုနီးနီးအချိန်မှာပဲအခန်းထောင်နားကနေတစ်ခုခုကျကွဲတဲ့အသံပေါ်လာတယ် လူတိုင်းရဲ့အာရုံကနေရာဆီကိုရောက်သွားကြတယ်

ဖန်ခွက်အပိုင်းအစတွေကမြေပြင်ပေါ်မှာပြန့်ကြဲနေတယ်
အဲ့နေရာမှာရပ်နေတဲ့သူကိုမြင်လိုက်ရတဲ့အခါမှာလူတိုင်းရဲ့စိတ်ကရှုပ်ထွေးကုန်တယ်
"ဘာလို့မီနိုင်းကနှစ်ယောက်ဖြစ်နေရတာလဲ"

ရှီရင်းက ဖန်ခွက်အပိုင်းအစတွေကိုကျော်ပြီးပွဲအလယ်ကိုရောက်လာတယ် သူမဂါဝန်ပေါ်ကနှင်းဆီပန်းတွေကလည်းသူမရွေ့လမ်းမှုနဲ့အတူစည်းချက်ညီညီလှုပ်ရှားနေတယ်

သူမကဓားကိုလူသတ်ချင်နေတဲ့မျက်နှာနဲ့ကိုင်ထားတာကြောင့်မို့လို့လူတိုင်းကသူမအတွက်လမ်းဖယ်ပေးကြတယ်

လင်ရှန်းက ရှီရှန်း ကိုမြင်လိုက်တဲ့အခါမှာသူမစိတ်အတော်ညစ်သွားတယ်
'မီနိုင်းကဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ,သူကသခင့်ရဲ့ထောင်ချောက်ထဲမှာရှိနေရမှာမဟုတ်ဘူးလား'

"ဘယ်လောက်တောင်အသက်ဝင်လိုက်သလဲ,ကျွန်မကိုချောက်ချချင်နေကြတာ"
ရှီရှန်းကလင်းရှန်းကိုကြည့်တောင်မကြည့်ဘူးအဲ့အစားတုကြွယ်ကိုကြည့်လိုက်တယ်

"မစ္စတာတု,ရှင်ကပိုပိုပြီးတော့တောင်အတင့်ရဲလာတယ်နော်"

တုကြွယ်က သူ့နောက်လိုက်တွေဆီကနေမီနိုင်းကနှစ်ယောက်ဆိုတာသိထားပြီးသား
အဲ့တာကြောင့်သူနဲ့စကားပြောနေတဲ့သူကတားဖို့ကြိုးစားတာ

ရှီရင်းနားမှာရှိနေပြီးဓားကိုင်ထားတဲ့သူကမီနိုင်းအစစ်ဆိုတာသူသေချာတယ် အဲ့ထောင်လွှားလွန်းတဲ့အကြည့်ကို တုပဖို့ဆိုတာမဖြစ်နိုင်ဘူး

"မင်းကဘယ်သူလဲ"
ဖေးချီကဒေါသထွက်စွာမေးလိုက်တယ်

"မျက်စိကန်းနေတာလား,ကျွန်မဘယ်သူလဲတောင်မမှတ်မိတော့ဘူးလား,အထူးကုဆရာဝန်နဲ့သွားပြနေပါ့လား"ရှီရှန်း ရဲ့အေးစက်တဲ့အကြည့်တွေကဖေးချီဆီရောက်သွားတယ်

ဖေးချီ"...."
'ဒီကောင်မစုတ်လေးက ငါ့ကိုဒီလိုပြောရဲလောက်အောင်ထောင်လွှားနေတာလား'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now