Arc 5.22

5.1K 807 11
                                    

Unicode

ရှီရှန်းကစာကြည့်ခန်းအလယ်မှာမတ်တပ်ရပ်​နေပြီးပေ့သခင်ကြီးကတော့စားပွဲရှေ့ကထိုင်ခုံမှာထိုင်နေပြီးသူကရှီရှန်းကိုအမိန့်​ပေး​နေတဲ့ပုံစံနဲ့ပြောတယ်

"မင်းကအရွယ်ရောက်လာပြီ,...ငါတို့လည်းမင်းကိုထိန်းချုပ်လို့မရတော့ဘူး....ငါတို့ကမင်းကိုငယ်ငယ်ကတည်းကကောင်းမွန်တဲ့ပညာရေး...နေရေး...စားရေးတွေကို​ထောက်ပံ့ပေးခဲ့တယ်...မင်းအနေနဲ့လည်းပေ့မိသားစုရဲ့ကောင်းကျိုးဆောင်တာတွေကိုပဲလုပ်ခွင့်ရှိမယ်''

ရှီရှန်းကသူပြောတာတွေကိုတိတ်တဆိတ်နားထောင်နေလိုက်တယ်

"ကောင်းအိမ်တော်ကငါတို့အိမ်နဲ့ပတ်သတ်ပြီးတော့အလုပ်ကိစ္စအတွက်စေ့စပ်ကြဖို့ကြိုးစားနေတယ်....မင်းကပေ့မိသားစုရဲ့အငယ်ဆုံးသမီးဖြစ်တဲ့အတွက်မင်းဘွဲ့ရတာနဲ့ကောင်းအိမ်တော်ကတတိယသားနဲ့စေ့စပ်ဖို့လုပ်ရမယ်''

သူနောက်ဆုံးတော့တတိယမြောက်သခင်​လေးကောင်းအန်းလန်အ​ကြောင်းကို​ပြောပြီပဲ

'ကောင်းအန်းလန်ကဘယ်လိုလူစားမျိုးဆိုတာကိုမသိဘူးလို့တော့မပြောနဲ့...ရှင်ကကျွန်မကိုသေတွင်းကိုပို့နေတာပဲ'

ရှီရှန်းကဘာမှပြန်မပြောတာကြောင့်ပေ့သခင်ကြီးကိုစိတ်ရှုပ်ထွေးစေတယ်

"အန်းလန်ကငယ်ငယ်တုန်းကအဆော့မက်လို့ဒဏ်ရာနည်းနည်းရဖူး​တယ် အခုထိလည်းသူကအ​ပျော်မက်​သေးတယ်ဆိုပေမယ့် အိမ်​ထောင်ကျသွားရင်​တော့ သူ့အလိုလိုရင့်ကျက်သွားမှာပါ.."

'အ​ပျော်မက်တယ်...., သူကအ​ပျော်မက်တာတဲ့လား,အဲ့ကောင်ကသူများတွေရဲ့ဘဝကိုကစားနေတာလေ'

"ကျွန်မငြင်းရင်ကော''

"ပေ့ဇီ,ငြင်းရအောင်နင်ကဘာ​တွေမှန်​နေလို့လဲ!!"
ပေ့သခင်ကြီးကဒေါသထွက်သွားတယ်
''ပေ့မိသားစုကမင်းကိုအခြားသူတွေအိမ်မက်လောက်ပဲမက်နိုင်တဲ့အဝတ်အစား,အစားအစာ,နေရေးထိုင်ရေးတွေအကုန်လုပ်ပေးထားတာ,မင်းကဘာကိုလာငြင်းနေတာလဲ''

"ကျွန်မကရှင့်သမီးအရင်းမဟုတ်ဘူးဆိုတဲ့အချက်လေ"ရှီရှန်းက ရွဲ့ပြီးပြုံးပြတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now