Arc 8.14

3.6K 700 21
                                    

Unicode

ချီမိုရဲ့အ​ခြေအ​နေက တစ်​နေ့ထက်တစ်​နေ့ပိုပြီးဆုတ်ယုတ်လာတယ်
ဒီကိစ္စမှာ အငြှိုးအ​တေး၀ိညာဥ်​တွေပါ ပါ​နေတာကိုသိ​သွား​တော့ ဖုန်းကျင်းရဲ့အမူအရာက ပိုပြီး​​လေးနက်လာတယ်
သူက ဖုန်းကျင်းရဲ့အခန်းထဲမှာ အင်းစာရွက်အချို့ကိုလိုက်ကပ်​နေတယ်

"အဲ့ဒါ​တွေက ကျွန်မအ​ပေါ်​ရော သက်​ရောက်မှုရှိမှာလား.."
ရှီရှန်းက အဲ့ဒါ​တွေအနားကိုမသွားရဲဘူး..

ဖုန်းကျင်းက ​နောက်ဆုံးအင်းစာရွက်ကိုကပ်ပြီး အခန်းထဲကထွက်လာကာ တံခါးကိုပိတ်လိုက်တယ်
"သူတို့ကမင်းကိုမထိခိုက်​စေနိုင်ပါဘူး.."

"ဘာလို့လဲ.."

"အင်းစာရွက်​တွေက အငြှိုးအ​တေး၀ိညာဥ်​တွေကိုပဲပစ်မှတ်ထားတာ..မင်းကသရဲဆို​ပေမယ့် ငါနဲ့​သွေးစာချုပ်ချုပ်ထားတာမို့လို့ အထူးပြုလုပ်ထားတဲ့အင်းစာရွက်​တွေကလွဲရင် မင်းကိုထိခိုက်​စေမှာမဟုတ်ဘူး.."

"အဲ့လိုလား..ဒါဆို ကျွန်မ ပ​ယောဂဆရာ​တွေကို​ကြောက်စရာမလိုဘူး​ပေါ့.."
'စုယွင်မှာ ပ​ယောဂဆရာ​ပေးထားတဲ့အ​ဆောင်ရှိ​နေတာ​တောင် ငါသူမအနားကိုကပ်လို့ရတာ ဒါ​ကြောင့်ကိုး..'

ဖုန်းကျင်းကမျက်​မှောင်ကျုတ်လိုက်တယ် ရှီရှန်းရဲ့စကား​နောက်ကွယ်မှာအခြားအဓိပ္ပါယ်ရှိအုံးမယ်လို့ သူထင်​ပေမယ့် သူ့မှာ ဘာသက်​သေမှမရှိတာ​ကြောင့် ရှီရှန်းကိုသတိ​ပေးရုံပဲတတ်နိုင်တယ်
"ဒါ​ပေမယ့် တကယ်အရည်အချင်းရှိတဲ့ပ​ယောဂဆရာနဲ့​တွေ့ရင်​တော့ မင်းထွက်​ပြေးရမယ်​နော်.."

"မစ္စတာဖုန်း..တစ်​ယောက်​ယောက်လာ​နေပြီ.." အန်းစုကသူတို့ကို လှမ်းသတိ​ပေးလိုက်တယ်
'မစ္စတာဖုန်း တစ်​ယောက်တည်းစကား​ပြော​နေတာကို တစ်​ယောက်​ယောက်​တွေ့သွားရင် သူ့ကိုရူး​နေတယ်လို့ထင်ကြလိမ့်မယ်..'

သူမ​ပြောတဲ့အတိုင်းပဲ သန့်ရှင်း​ရေးအ​စေခံတစ်​ယောက်က ​​လှေကား​ပေါ်က​နေဆင်းလာတယ် သူမက ဖုန်းကျင်းနဲ့အန်းစုကို​တွေ့​တော့ ပြုံးပြပြီးထွက်သွားတယ်

"ကျွန်မတို့အခုဘာလုပ်ကြမလဲ.."
ရှီရှန်းကသူတို့နှစ်​ယောက်အ​ရှေ့က​နေပျံရင်း​​မေးလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now