Arc 9.16 + 9.17

3K 526 0
                                    

Unicode

9.16
မဟာကန္တာရမြို့တော်ကဘယ်လိုနယ်မြေမို့လို့ကောင်းကင်ဘုံကိုတိုက်ဖို့လူတွေလွှတ်ရဲရတာလဲ

အဲဒီနေရာကနတ်ဘုရားတွေမကောင်းဆိုးဝါးတွေနဲ့လူတွေအစုံပြည့်နေတဲ့နေရာပဲ ဘယ်လိုအမျိုးအစားမဆိုတွေ့နိုင်တယ်

အခုလာတဲ့ထဲမှာရှေးဟောင်းမကောင်းဆိုးဝါးတွေတောင်ပါသေးတယ်

'အခုငါ့ကိုမဟာကန္တာရမြို့တော်ကမကောင်းဆိုးဝါးတွေလာတိုက်နေတယ်လို့လာပြောနေတာလား,ဟာသပြောရမယ့်အချိန်မဟုတ်ဘူးနော်'

ရှီရှန်းက သူတို့အားလုံးကိုလျစ်လျူရှုပြီးတော့ဓားကိုဝှေ့ယမ်းကာစတိုက်တော့တယ်

မရေမတွက်နိုင်တဲ့မိုးကြိုးတွေကကောင်းကင်ဘုံကနေအဆုံးမရှိကျလာတယ်

[Host.....အကောင်းဆုံးပဲ နော်]systemက မိုးကြိုးတွေပစ်တာနဲ့တစ်ပြိုင်နက်ပြောတယ်

ရှီရှန်းက systemရဲ့အသံကိုကြားတာနဲ့သောက်ကျိုးနည်းတွေဖြစ်ကုန်တော့မယ်ဆိုတာကိုရိပ်မိတယ်'ချီး, ကောင်းကင်ဘုံကငါ့အကြံတွေကိုထပ်ပြီးနှောက်ယှက်ဦးမယ်ထင်တယ်'

ဒါပေါ့ကြီးမားလွန်းလှတဲ့မိုးကြိုးတွေကရှီရှန်းကိုစတင်ပြီးပစ်တော့တယ်

"ချီးပဲဟေးးးး!!!'' ရှီရှန်းက အကျယ်ကြီးဆဲပြီးတော့ယွဲ့ယောင်ဘက်ကိုတည့်တည့်ပြေးသွားတယ်

သူမခြေလှမ်းချလိုက်တဲ့နေရာတိုင်းကိုမိုးကြိုးတွေပစ်လာပြီးတော့သူမအားလုံးကိုကပ်သီးလေးတွေရှောင်လိုက်နိုင်တယ် ဒါပေမဲ့သူမကိုတိုက်ရိုက်မထိရင်တောင် ကြီးမားတဲ့ဖျက်ဆီးမှုစွမ်းအားတွေကိုရှီရှန်းခံစားမိတယ်

ဇီဟွမ်က သူ့ရဲ့ကောင်းကင်ဘုံလက်နက်စွမ်းအင်ကိုမသုံးနိုင်တဲ့အတွက်ကြောင့်သူ့ရဲ့ခန္ဓာကိုယ် ကိုပဲအသုံးပြုပြီးယွဲ့ယောင်ရဲ့ဆံချည်တစ်မျှင်တောင်မထိခိုက်အောင်နဲ့မိုးကြိုးတွေဆီကလွတ်အောင်ကာကွယ်ရတယ် ကံကောင်းစွာနဲ့ပဲမိုးကြိုးတွေရဲ့ပစ်မှတ်ကသူမဟုတ်တာကြောင့်, သူတို့အနီးတစ်ဝိုက်ကိုနည်းနည်းလေးပဲပစ်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now