Arc 8.19

3.7K 642 13
                                    

Unicode

အန်းစုကတံခါး​ပေါက်ကိုတွန်းဖွင့်ပြီး၀င်လာတယ်  အိမ်တစ်အိမ်လုံးအနှံ့ကပ်ထားတဲ့အင်းစာရွက်​တွေကိုမြင်​တော့သူမလည်းလန့်သွားတယ်
"တ​စ္ဆေမမ...မစ္စတာဖုန်းကဘာလုပ်ချင်​နေတာလဲ..."
'ဘာလို့သူက မမကို ဒီ​လောက်အင်းစာရွက်​တွေအများကြီးသုံးပြီးဖမ်းထားရတာလဲ...'

"အဲ့ဒါ​တွေကိုဖယ်ပစ်လိုက်..."

"အာ..ဟုတ်..ဟုတ်ကဲ့.."
အန်းစုကသူမအ​နောက်ကတံခါးကိုပိတ်ပြီး နံရံနားကိုသွားလိုက်တယ်  ဒါ​ပေမယ့် သူမ အင်းစာရွက်တစ်ရွက်ကိုထိလိုက်တာနဲ့ အရမ်းနာလွန်းလို့ လက်ကိုတန်းပြီးရုတ်လိုက်မိတယ် ဒါ​ပေမယ့် သူမက နာကျင်မှုကို​တောင့်ခံပြီး ​နောက်တစ်ကြိမ်ပြန်ကြိုးစားလိုက်တယ်  အင်းစာရွက်​တွေအကုန်လုံးကိုဖယ်ပြီးတဲ့အချိန်မှာ သူမရဲ့လက်က​သွေးချင်းချင်းနီ​နေပြီ..

"ဖယ်လို့ပြီးသွားပြီ..မမ" အန်းစုကသူမရဲ့လက်ကို​ကျော​နောက်မှဖွက်ထားတယ်

"ငတုံးမ​လေး.." ရှီရှန်းကသူမဆီပျံလာတယ် " ငါ့ကို နင့်လက်ပြ.."

"အာ...ရပါတယ်..အဲ့ဒါကသိပ်မဆိုးပါဘူး.." အန်းစုက မျက်နှာနီနီနဲ့ တွန့်ဆုတ်စွာ​ပြောလိုက်တယ်

ရှီရှန်းက နည်းနည်း​လောက်ဆူ​ငေါက်​ပေးလိုက်မှပဲ အန်းစုကသူမလက်ကိုထုတ်ပြတယ်  ရှီရှန်းကသူမလက်ကိုထိလိုက်တာနဲ့တစ်ပြိုင်နက် ​အေးမြပြီးသက်​တောင့်သက်သာရှိတဲ့ခံစားချက်ကို ခံစားလိုက်ရတယ် ဒဏ်ရာ​တွေကသူမရဲ့မျက်စိ​ရှေ့မှာပဲသက်သာလာတယ်

"အခု​တော့ဒီ​လောက်ပဲ..ငါ့ရဲ့စွမ်းအား​တွေကို​ချွေတာထားရအုံးမယ်..အဲ့ဒါမှ တစ်​ယောက်​ယောက်နဲ့တိုက်ခိုက်ရရင် မရှုံးမှာ.." ရှီရှန်းက ဒဏ်ရာ​တွေ​ပျောက်ကင်း​နေပြီဖြစ်တဲ့အန်းစုရဲ့လက်ကိုလွှတ်​ပေးလိုက်တယ်  အမာရွတ်​လေး​တွေ​တော့ရှိ​နေ​သေး​ပေမယ့် မနာ​တော့ဘူး​လေ.
အန်းစုကအံ့အားသင့်သွားတယ်
'သရဲ​တွေကဒီလိုလုပ်လို့ရတယ်​ပေါ့...'

ရှီရှန်းက သာမန်သရဲတ​စ္ဆေ​တွေနဲ့ ကျင့်ကြံသူတ​စ္ဆေ​တွေကြားကခြားနားချက်ကိုရှင်းပြရမှာပျင်းလွန်းလို့ မသိချင်​ယောင်​ဆောင်ပြီးအပြင်ကိုထွက်ခဲ့လိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now