Arc 6.18

3.2K 575 5
                                    

Unicode

လူတွေအများကြီးရှိနေပေမဲ့ရှီရှန်းကဘာမှစိုးရိမ်စရာမလိုဘူး သူမတို့ကိုတိုက်ခိုက်တဲ့လူတွေအကုန်လုံးကရန်သူတွေမို့လို့မိတ်ဆွေသံယောာဇဥ်ကိုထောက်စရာမလိုဘူး

'ဒီသူတောင်းစားတွေကိုငါသေချာပေါက်ကိုရအောင်သတ်မှာ'

အဲ့အချိန်မှာလူတစ်ယောက်ကworld chatထဲမှာစာပို့ပြီးလူ​တွေထပ်​ခေါ်လိုက်တယ် အဲ့လိုနဲ့ဒီတိုက်ပွဲမှာလူတွေကပိုပိုပြီးများလာတယ်

ရှီရှန်းက ကီးဘုတ်ပေါ်မှာသူမလက်ချောင်းတွေကိုတင်လိုက်တယ်
ဝုန်းဒိုင်းကြဲနေတဲ့ဒီတိုက်ခိုက်မှုတွေကြားမှာလူတွေတောင်သဲသဲကွဲကွဲမမြင်ရဘဲဝါးနေတယ်

နောက်ခံတီးလုံးကသွေးကိုဆူပွက်စေတယ်

လူအချို့ကသွေးသံရဲရဲနဲ့တိုက်ခိုက်ပြီးသေဆုံးကုန်တယ် အချို့ကသူတို့ခန္ဓာကိုယ်ကိုအသက်သွင်းဖို့baseကိုပြန်​သွားနေကြတယ် အချို့ကတိုက်ပွဲနေရာမှပဲအသက်သွင်း​ဆေးလုံးနဲ့ပြန်အသက်ရှင်အောင်လုပ်ပြီးဆက်လက်တိုက်ခိုက်ကြတယ်
အားလုံးကသူတို့နှစ်ယောက်ဒီလောက်လူတွေအများကြီးကိုဘယ်လိုလုပ်ပြီးခုခံ​နေနိုင်ယူနိုင်တာလဲဆိုတာသိချင်ကြတယ်

'တကယ်ပါပဲ..systemမှာချို့ယွင်းချက်တစ်ခုခုများရှိနေတာလား..'

ရှီရှန်းက မင်ရည်ရှာဖွေသူ ဘယ်လိုလုပ်အသက်ရှင်နေလဲဆိုတာကိုမသိဘူးသူမကိုယ်တိုင်တောင်အသက်ရှင်ဖို့ item shopစ္စည်းတွေကိုသုံးပြီးအနိုင်နိုင်ဖြစ်နေတာ

ဘယ်လောက်ပဲတော်တော်ဒီလောက်လူတွေအများကြီးကိုအနိုင်ယူရတာအနည်းနဲ့အများတော့ခက်ခဲတာပဲ

အဲဒီအချိန်မှာပဲနောက်ခံတီးလုံးကတဖြည်းဖြည်းတိုးသွားပြီးတော့screenကလည်း​မှောင်ကျသွားကာသီချင်းသံပါတစ်ခါတည်းတိတ်သွားတော့တယ်

ရှီရှန်းက ခနရပ်ပြီးသူမမောက်စ်ကိုဟိုနှိပ်ဒီနှိပ်လုပ်ကြည့်တယ်ဒါပေမဲ့ကွန်ပျူတာကဘာမှတုံ့ပြန်မှုမရှိဘူး

'သေစမ်း..,ငါ့ကွန်ပျူတာကဘာကိစ္စလော့ကျသွားတာလဲ'
ရှီရှန်းက ဆိုင်မန်​နေဂျာကိုခေါ်တော့မယ့်အချိန်မှာစာတစ်ကြောင်းကရုတ်တရက်ပေါ်လာတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now