Arc 8.28

3.6K 668 24
                                    

Unicode

ရှီရှန်းက သာမန်ဖောက်ခွဲရေးပစ္စည်းတွေကိုပဲသုံးခဲ့တာကြောင့်မီးခိုးတွေကိုခပ်ဝေးဝေးကနေ​တောင်လှမ်းမြင်နိုင်တယ်

ဖုန်းကျင်းကရှီရှန်းရဲ့ ဓားပေါ်ကနေပြီးတော့အောက်ကအပိုင်းအစတွေကိုကြည့်နေတယ်

ရှောင်ပိုင်ကအိမ်တော်ထဲကိုဝင်လာပြီးတော့, သူ့ဆရာကိုပယောဂဆရာအချို့နဲ့ကူထုတ်ဖို့လုပ်​နေတယ်
သူတို့တွေသေချာပေါက်ထိခိုက်ဒဏ်ရာမရဘဲနဲ့တော့မနေဘူး

"တစ္ဆေမ..မ ''ရှီရှန်းက အန်းစုကိုပါခေါ်လာတာကြောင့်မို့လို့တုန်တုန်ရီရီနဲ့ပြောတယ်''ကျွန်မအမြင့်ကြောက်တယ်''

'ဘယ်လိုဖြစ်ပြီးတော့ဒီဓားက..အရွယ်အစားပေါင်းစုံပြောင်းနိုင်ရတာပါလိမ့်,ဒါကလုံးဝကိုရူပဗေဒသဘောတရားနဲ့ဆန့်ကျင်နေတယ်'
........

ရှီရှန်း ကြားလိုက်ရတာကတော့အဲနေ့ညမှာသူတို့တစ်အုပ်စုလုံးရဲစခန်းကိုရောက်သွားတယ်, ရဲသားတွေကတောင်ဒီလိုထူးထူးဆန်းဆန်းလူအုပ်ကြီးကိုမြင်ရတဲ့အခါမှာအံ့သြသွားကြတယ်'ငါတို့အရေးကြီးတဲ့တွေ့ဆုံပွဲကိုများနှောက်ယှက်မိသလား'

ပယောဂဆရာတွေကဒီကိစ္စကသူတို့နဲ့ဘာမှမဆိုင်ကြောင်းဘာအစည်းဝေးပွဲမှမလုပ်ကြောင်းရှင်းပြကြတယ်

ဒီပေါက်ကွဲမှုကြောင့်အိမ်တော်ဘေးပတ်ပတ်လည်မှာရှိတဲ့ကင်မရာတွေအကုန်ပျက်ဆီးကုန်တယ် အဲ့ဒါကြောင့်ရဲသားတွေမှာရှိတာဆိုလို့, ဒီလူအုပ်လိုက်ကြီးအိမ်ရာဘေးမှာဒူးထောက်လျက်ကန်တော့နေတဲ့သက်​သေပဲရှိတယ် အဲ့ဒါကြောင့်သူတို့တွေပြဿနာကနေရှောင်လွှဲလို့မရဘူး

သူတို့သာဒါကသရဲတွေလုပ်တာလို့ရှင်းပြရင်အကုန်လုံးစိတ်ရောဂါကုဆေးရုံကိုရောက်သွားကြဦးမယ် ရလဒ်အနေနဲ့သူတို့တွေကဒီတာဝန်ကိုယူလိုက်ကြရတယ်

အချို့ပယောဂဆရာတွေက အစိုးရဘက်ကသူတွေနဲ့အဆက်အသွယ်ရှိတာကြောင့်မို့ရှောင်ထွက်လို့ရပေမဲ့သူတို့တွေလည်းအပျက်အဆီးတွေအတွက်တာဝန်ရှိတယ် အဲ့ဒါကြောင့်ရှီရှန်းကြားလိုက်တာတော့သူတို့တွေအားလုံးပေါင်းပြီးလျော်ကြေးပေးခဲ့ရတယ်ဆိုတာပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now