Arc 10.25

2.8K 467 1
                                    

Unicode

"လက်ကိုဘာလို့အပြင်ထုတ်နေတာတုန်း"
ရှီရှန်း ကရှီရင်းရဲ့လက်ကိုဆွဲလိုက်ပြီးတံခါးမှန်ကိုပိတ်လိုက်တယ် ရှီရင်းကလည်းသူမလက်ကိုကိုင်ရင်းပြုံးပြတယ်

ရှီရှန်း ကလည်းသူ့လက်ကိုမဖယ်ပဲ လက်တစ်ဖက်တည်းနဲ့ကားမောင်းတယ်
ပြီးတော့အကြည့်တွေကလည်းရှီရင်းဆီရောက်နေတယ်

ရှီရှန်းက ပန်းတွေရဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေကိုတွေ့လိုက်တယ် ဒါပေမဲ့ရှီရင်းကဘာမှမပြောတာကြောင့် သူမလည်းမမေးတော့ဘူး သူမကိစ္စလည်းမဟုတ်ဘူးလေ

ရှီရှန်း ကကားပါကင်ထိုးပြီးတာနဲ့ ရှီရင်းကသူမကိုဆွဲနမ်းလိုက်တယ်
ဒါကသာမန်ပေါ့ပါးတဲ့အနမ်းတစ်ခုပါပဲ သူမနှုတ်ခမ်းကိုထိရုံလောက်ပဲ

ခနလောက်အကြာမှရှီရင်းကအသံဖျော့ဖျော့နဲ့မေးတယ်
"မင်းသေချာမြင်လိုက်တယ်မလား,ဘာလို့မမေးတာလဲ"

ရှီရှန်း ကရှီရင်းရဲ့ပါးတွေပေါ်လက်တွေတင်လိုက်ပြီးပြန်သိမ်းလိုက်တယ်
"ရှင်မပြောပြချင်ဘူးလား"

"မင်းသာ သိချင်ရင်ကိုယ်ပြောပြမှာပေါ့"
ရှီရင်းကသူမကိုစိုက်ကြည့်နေတယ်

ရှီရှန်းတစ်ယောက် မျက်တောင်ခတ်ပြလိုက်တယ်
သူမရဲ့မျက်ဝန်းတွေထဲမှာထင်ဟပ်နေတဲ့သူ့ပုံရိပ်ကိုမြင်လိုက်တဲ့အခါမှာရှီရင်းစိတ်တွေမဲမှောင်သွားပြီးသူမကိုဆွဲနမ်းပြန်တယ်

ရှီရင်းကသူမကိုလွှတ်ပေးလိုက်တဲ့အချိန်မှာ ရှီရှန်းမျက်နှာတွေနီနေတယ်
'ဒီကောင်ငယ်တုန်းကနမ်းတာအဲ့လောက်တော်လာတာလဲ,ငါ့ကိုယ်ငါတောင်မထိန်းနိုင်တော့ဘူး'
"အဲ့ဒီမှာ တစ်ခါတုန်းက ဗန်ပိုင်းယားတွေ အများကြီး အစုလိုက်အပြုံလိုက်သေခဲ့ဖူးတယ်"
ရှီရင်းလေသံကအားနည်းနေပြီးတိုးနေတယ် ကားနားမှာအသံကလုံးဝတိတ်နေတာမဟုတ်ရင် ရှီရှန်းကတောင်သေချာကြားရမှာမဟုတ်ဘူး

ရှီရှန်း က ရှီရင်းကိုလှည့်ကြည့်တော့မှ သူကသူမကိုကြည့်နေပြီးမျက်နှာပေါ်မှာဗလာဖြစ်နေတဲ့အပြုံးတစ်ခုပန်ဆင်ထားတယ် နွေးထွေးမှုတစ်စက်တောင်မရှိဘဲအေးစက်လို့သာနေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now