Arc 9.5

5.8K 922 63
                                    

Unicode

ရထားလုံးက ခပ်လှမ်းလှမ်းမှာရပ်သွား​ပေမယ့် ဘယ်သူမှထွက်မလာဘူး..သူတို့​တွေအချိန်ခန​လောက်​ကြာ​အောင်​စောင့်​နေတာ​တောင်ဘယ်သူမှထွက်လာမယ့်ပုံမ​ပေါ်တာ​ကြောင့်  လှည်းကိုမမြင်ချင်​ယောင်​ဆောင်ပြီး ကိုယ့်လမ်းကိုဆက်သွားဖို့လုပ်လိုက်ကြတယ် 

ပီရှိက လက်ဖက်ရည်တည်ခင်း​နေတဲ့အချိန်မှာ ရှီရှန်းက​တော့ ရထားလုံးနံရံကို​ကျောမှီပြီး မျက်စိမှိတ်ကာအနားယူ​နေတယ်

ပိရှီက​တော့ နားမလည်နိုင်​အောင်ဖြစ်​နေတယ် 'အိမ်၀င်းထဲကပန်းခြံမှာလက်ဖက်ရည်​သောက်ရတဲ့ခံစားချက်နဲ့ ဒီရထားလုံး​ပေါ်မှာလက်ဖက်ရည်လာ​သောက်ရတဲ့ခံစားချက်နဲ့
ဘာကွာ​နေလို့လဲ....'

ဒါ​ပေမယ့် ရှီရှန်း အနားယူ​နေတာကို​တွေ့​တော့ စကားလုံး​တွေကိုပြန်မျိုချလိုက်​တော့တယ်

ရှီရှန်းအနားယူ​နေတုန်း ရထားလုံးနားမှာစု​ဝေး​နေတဲ့လူ​တွေလည်းပိုပိုများလာတယ်  ဒါ​ပေမယ့် ဘယ်သူကမှ ​ရှေ့တိုးလာပြီး သူမကိုမ​နှောင့်ယှက်ရဲကြဘူး.. အဲ့ဒီအစား ရထားလုံးကိုပဲလက်ညှိုးထိုးပြီး အတင်း​ပြော​နေကြတယ်

ပိရှီက လိုက်ကာစကိုမပြီးကြည့်လိုက်တာ​ကြောင့် အပြင်မှာ အတင်း​ပြော​နေတဲ့လူ​တွေရဲ့အမူအရာကလည်းကို့ရို့ကားယားဖြစ်ကုန်ကြတယ် ပိရှီက လိုက်ကာစကို ​ဆောင့်ဆွဲချလိုက်ပြီး ​ဒေါသတကြီး​ပြောတယ် "အရှင့်သမီး..ဒါက အဲ့ဒီ လူမှု၀န်ထမ်း​ရေးရာအမတ်ရဲ့သား မှားတဲ့ကိစ္စဆိုတာရှင်းလင်း​နေပြီးသားကို ဘယ်လိုဖြစ်လို့ ဒီလူ​တွေက ကျွန်​တော်မျိုးမတို့ကိုပဲ အတင်း​ပြော​နေရတာလဲ..."

'သူတို့သာ အ​စော်ကားခံရကြည့်ပါလား..​နေရာမှာတင်ကိုယ့်ကိုကိုယ်သတ်​သေသွားလိမ့်မယ်...'

" ဒီတိုင်းထားလို့မဖြစ်​တော့ဘူး...တဖြည်းဖြည်းနဲ့တရားလွန်လာကြပြီ..." ပိရှီက ရထားလုံးထဲက​နေထွက်ဖို့ပြင်လိုက်တယ်

"​ပြောကြစမ်းပါ​​စေ..." ရှီရှန်းက ​အေယ​အေး​ဆေး​ဆေး​ပြောလိုက်တယ် " ဒီမှာ ပန်ကုန်းကိုမနာလို​နေတဲ့သူ​တွေမှအများကြီးပဲ...သူတို့အတွက်နဲ့ အားကုန်ခံ​နေစရာမလိုဘူး.."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now