​ပေ့ကျဲ့ (special episode)

5.7K 916 68
                                    

Unicode

ငါမှတ်မိသ​လောက်ဆိုရင် ငါ့မှာ​ပေ့ဇီလို့​ခေါ်တဲ့ အရိပ်က​လေးတစ်​ခုရှိခဲ့တယ် သူမက ငါ့ရဲ့ညီမ​လေး​လေ

သူမကအမြဲတမ်း​ကြောက်တတ်ပြီး ရှက်​နေ​တော့တာပဲ .​အမေနဲ့​အဖေတို့အနားမှာမရှိတဲ့အချိန်မှာမှ သူမရဲ့အသံချိုချို​လေးနဲ့ ငါ့ကို ကိုကို လို့​ခေါ်ရဲရှာတာ

သူမ​လေးကို ဘာလို့မချစ်ကြမှန်းငါနားမလည်ဘူး ​ရှောင်ဇီ​လေးကတကယ်ကိုချစ်ဖို့​ကောင်းတာပါ ငါ သူမနဲ့ကစားတာကို ​အမေနဲ့​အဖေက ဘာလို့မကြိုက်ကြပါလိမ့်

အဲ့ဒီလိုနဲ့ပဲ ​အမေနဲ့​အဖေကို စိတ်မဆိုး​စေချင်တဲ့အတွက် ငါ သူမကို တိတ်တ်ိတ်​လေးပဲ ဂရုစိုက်​ပေးနိုင်တယ် ​သူမ​လေးပြုံးလိုက်တိုင်း ကမ္ဘာ​ပေါ်ကဘယ်အရာကမှ သူမထက်ပိုမ​တောက်ပနိုင်​တော့ဘူးလို့ငါခံစားရတယ်

ငါ့​နောက်က​နေတ​ကောက်​ကောက်လိုက်​နေတဲ့ က​လေး​ပေါက်စ​လေးက​နေ ရှက်တတ်တဲ့မိန်းမပျို​လေးအဖြစ်သူမကြီးပြင်းလာတာကို ငါ​စောင့်ကြည့်​နေခဲ့တယ်

သူမရဲ့​နေ့စဥ်ဘ၀ကအရမ်းပျင်းဖို့​​ကောင်းတာပဲ...​ကျောင်းသွားမယ် ​ကျောင်းဆင်းမယ် အိမ်ပြန်လာမယ် ပြီးရင် သူမရဲ့အခန်းထဲမှာပဲ တစ်ချိန်လုံးတံခါးပိတ်ပြီး​နေ​နေမယ် အစားအ​​သောက်​တွေကို​တောင် သူမအခန်းထဲအ​ရောက်ပို့​ပေးရတယ်..

​နောက်ပိုင်းမှာ ​အမေနဲ့​အဖေက အလုပ်မအား​တော့တဲ့အတွက် ငါလည်း သူတို့စိတ်ဆိုးမှာကို​ကြောက်မ​နေရ​တော့ဘဲ သူမ​လေးရဲ့အခန်းထဲသွားပြီး ထမင်းစားချိန်​တွေမှာအ​ဖော်ပြု​ပေးတယ်

တစ်ခါ​တော့ ​အမေကငါတို့အတူတူရှိ​နေကြတာကို​တွေ့သွားပြီး အကြီးအကျယ်စိတ်ဆိုးသွား​လေရဲ့ ​ပေ့ဇီ​လေးကို အခန်းထဲမှာ ၃ရက်​လောက် ပိတ်ထားပစ်တယ်

အဲ့ဒီလိုနဲ့ပဲ ​ပေ့ဇီကငါ့ကိုစကား​တောင်သိပ်မ​ပြောရဲ​တော့ဘူး

နည်းလမ်း​​ပေါင်းစုံသုံးပြီး အချိန်အ​တော်ကြာ​အောင်​ချော့​မော့လိုက်​တော့မှ ငါ့ကို ပြန်ရင်းနှီးလာတယ် ဒါ​ပေမယ့် ဒီတစ်ခါ​တော့ ငါပိုသတိထားရတယ် အမေနဲ့ ​အဖေ ပြန်မလာ​သေးတာ​သေချာမှ ငါသူမဆီသွား​တွေ့ရတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now