Arc 10.5

3K 498 2
                                    

Unicode

ရှီရင်းကနေရောင်ရဲ့နှောက်ယှက်မှူကြောင့်အိပ်ရာနိုးလာတယ် ခနလောက်မျက်လုံးကိုဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးတဲ့အချိန်မှာပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်သွားတယ်

'ဒါကဘယ်နေရာလဲ.....မနေ့ညကငါမှတ်မိတာဆိုလို့ငါ့ကိုကြိုက်တယ်လို့ပြောတဲ့မိန်းကလေးနဲ့ထပ်တွေ့ရတာပဲ'

ရှီရင်းကထထိုင်လိုက်တယ်သူ့ရဲ့လက်ကနူးညံတဲ့ချည်သားကိုထိမိလို့အောက်ကိုငုံ့ပြီးတစ်ချက်စစ်ကြည့်လိုက်တယ်

ဝတ်ထားတဲ့ပုံစံကရိုးရိုးရှင်းရှင်းပဲ ဒါပေမဲ့မိန်းကလေးညအိပ်ဝတ်စုံပုံစဲဖြစ်ပြီးတော့ဇာအပါးပုံစံမျိုးဖြစ်တယ်

ရှီရင်း''.....''
'ငါ့အဝတ်တွေဘယ်သူလဲလိုက်တာလဲ, မနေ့ညကတွေ့တဲ့မိန်းကလေးလား'

ရှီရင်းကသူ့ခါးကိုစမ်းကြည့်လိုက်တယ်အတွင်းခံဘောင်းဘီတော့ဝတ်ထားတုန်းပဲ
မျက်နှာမှောင်ကြီးနဲ့ဘေးဘီကိုအကဲခတ်ကြည့်တယ်
ဒါကသေချာပေါက်မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းပဲ
အခန်းထောင့်နားမှာပျက်စီးနေတဲ့အခေါင်းတစ်ခုရှိနေတယ်

ဒါကသေချာပေါက် မနေ့ညကတွေ့တဲ့ဗန်ပိုင်းယားအမျိုးသမီးရဲ့အခန်းဆိုတာသေချာတယ် အနံ့အသက်တွေကတောင်တူညီနေတုန်းပဲ

'သူငါ့အဝတ်တွေကိုခွင့်ပြုချက်မရဘဲချွတ်ရဲတယ်ပေါ့, ငါ့ကိုလည်းဒါတွေဝတ်ခိုင်းတယ်ငါ့အဝတ်တွေဘယ်မှာလဲ!!'

သူ့ရဲ့အကြည့်တွေကနံရံပေါ်မှာချိတ်ဆွဲထားတဲ့ပန်းချီကားဆီရောက်သွားတယ်

နှင်းဆီပန်းတွေကသွေးနဲ့အရောင်ခြယ်ထားသလိုနီရဲနေတယ် ပန်ချီကားထဲက ကလေးငယ်လေးကနှင်းဆီပန်းတွေကြားမှာပိတ်မိနေသလိုမလွတ်မြောက်နိုင်ပဲအထီးကျန်ဆန်သလိုဖြစ်နေတယ်

သူ့နောက်ကျောကမီးလောင်ထားသလိုခံစားချက်က စိတ်မသက်မသာဖြစ်စေပြီးတော့အခုဝတ်ထားတဲ့အဝတ်အစားတွေကပိုပြီးတော့တောင်မသက်မသာဖြစ်စေတယ် ရှီရင်းကအိပ်ရာပေါ်ကနေထသွားပြီးစောင်နဲ့ခန္ဓာကိုယ်ကိုပတ်လိုက်တယ်တံခါးကိုဖွင့်ပြီးအခန်းထဲကနေထွက်လာတယ် ကော်ရစ်ဒါကလွဲပြီးကျန်တဲ့အခန်းတွေအားလုံးကတံခါးကိုတင်းကြပ်စွာပိတ်ထားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now