Arc 6.2

4.5K 682 18
                                    

Unicode

ရှီရှန်းကtower​တွေသွားရှင်း​နေ​ပေမယ့် ​နောက်က​နေလိုက်လာမယ့် ရန်သူ​တွေကများတာမို့လို့ ​မြေ​အောက်ဥမင်ထဲကိုသွားလိုက်တယ်
မြေအောက်ဥမင်ထဲမှာကလွဲရင်ကျန်တဲ့နေရာတွေမှာ အသတ်ခံရနိုင်တယ်နိုင်တယ်

မြေအောက်ဥမင်ထဲမှာတော့ကိုယ်ရေးကိုယ်တာနဲ့အဖွဲ့လိုက်စကားပြောတဲ့chatပဲရှိတာကြောင့်ရှီရှန်းကအေးအေးဆေးဆေးပဲ​နေနေလိုက််ပြီးတော့သူမရဲ့ဂိမ်းဇာတ်ကောင်နဲ့လိုက်ဖက်ညီအောင်လေ့ကျင့်နေလိုက်တယ်
ရှီရှန်းကသူမဇာတ်ကောင်နဲ့အသားကျတာသေချာမှမြေအောက်ခန်းထဲကနေထွက်လာတယ်

ရှီရှန်းအပြင်ကိုထွက်လာတာနဲ့လူတစ်စုကသူမကိုချက်ချင်းဝင်ရောက်တိုက်ခိုက်တော့တယ်

သူတို့ကအုပ်စုနဲ့လာတာမဟုတ်ပဲတစ်ဦးချင်းဆီလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှီရှန်းကသူတို့ကိုလွယ်လွယ်ကူကူပဲအနိုင်ယူလိုက်တယ်

ရှီရှန်းကမြေပုံကိုကြည့်လိုက်ပြီးအကဲခတ်လိုက်တယ်
သူမအတွက်ထုတ်ထားတဲ့ဆုကြေးတွေကတစ်ဆတစ်ဆကိုမြင့်တက်လာတာကိုကြည့်ခြင်းအားဖြင့်ဇာတ်လိုက်ကောင်က သူမကိုသတ်ဖို့အတွက်ဘယ်လောက်ထိရက်ရောမှန်းမြင်နိုင်တယ်

ချူးယွင်ရှီး ရဲ့နောက်ခံအသိုင်းအဝိုင်းကမဆိုးဘူးသူတို့ကချမ်းသာတဲ့အထဲမှာပါဝင်တာကြောင့်ရှီရှန်းကပိုက်ဆံအနည်းငယ်သုံးပြီးတော့ရွှေအနည်းငယ်ဝယ်လိုက်တယ်

ပြီးတော့လျင်လျင်မြန်မြန်ပဲရှီရှန်းကသူမကိုဆုကြေးထုတ်ထားတဲ့သူတွေကိုပြန်ပြီးဆုကြေးထပ်ထုတ်လိုက်တယ်

SYSTEM မှကြေငြာချက်
[clearwest က.လီရှို့အတွက်ဆုကြေး1gထုတ်ထားပါငည်;သတ်မှတ်ချိန်...၁၀မိနစ်]

SYSTEMမှကြေငြာချက်
[clearwestကလီရှို့ကိုဆုကြေးငွေ1gထုတ်သွားပါသည်:သတ်မှတ်ချိန်၁၀မိနစ်]

SYSTEMမှကြေငြာချက်:
[clearwestသည် ပန်းပွင့်အလှလေးအားဆုကြေးငွေ1gထုတ်သွားပါသည်သတ်မှတ်ချိန်.၁၀မိနစ်]

[World chatထဲတွင်]

ငါကပွဲကြည့်ပရိသတ်ပါ : [ဆရာကြီးလီရှို့က1gတည်းတန်လား....စျေးပေါလိုက်တာ]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now