Arc 7.16

4K 657 31
                                    

Unicode

ရှီရှန်းက ​ပုကျင်းယွင်ကိုအေး​အေးချမ်းချမ်းရှိမယ့်​နေရာတစ်ခုဆီ​ခေါ်သွားလိုက်တယ်
ပုကျင်းယွင်က အရမ်းကိုနာခံလွယ်​နေတာ​ကြောင့် ရှီရှန့်က သူ့ကိုတစ်​ယောက်​ယောက်များလူစားထိုးသွားပြီလားဆိုတာကိုသံသယဖြစ်လာတယ်
'မဟုတ်ရင် သူကဘာဖြစ်လို့ အရမ်း​တွေနာခံလွယ်​နေရတာလဲ...'

"​​ရော့...ဒီမှာ အဆိပ်​ဖြေ​ဆေး..."
ရှီရှန်းက ​ဆေးလုံးတစ်လုံးကို ​ပေးလိုက်တယ်

"ဟမ့်"
ပုကျင်းယွင်က​ဆေးမ​သောက်ခင်ခပ်ရွဲ့ရွဲ့​ပြောလိုက်​သေးတယ်

'ချီး....တဟမ့်ဟမ့်နဲ့...ဒီ​ကောင်ဘာဖြစ်​နေတာလဲ...'

"မင်း...မင်း...ငါ့ကို...ဘယ်..ဘယ်ချိန်ထိ​ခေါ်ထားမှာလဲ..."
​ဆေး​သောက်ပြီးတာနဲ့ပုကျင်းယွင်က​ဒီမေးခွန်းကိုရုတ်တရပ်​မေးလိုက်တယ်
ရှီရှန်းက​ခေါင်းကို​တောင်မ​မော့ဘဲနဲ့ခပ်​အေး​အေး​လေး​ပြောလိုက်တယ်
"တစ်ဘ၀လုံး..."

'တစ်ဘ၀လုံး..'
ဒီစကားလုံးကပုကျင်းယွင်ရဲ့စိတ်ထဲမှာပဲ့တင်ထပ်​နေပြီး သူ့နှလုံးသားထဲမှာတစ်စုံတစ်ခု​​​သောအရာကို​ပေါက်ဖွားလာ​စေတယ်

သူ့နှုတ်ခမ်း​တွေကပြုံး​ယောင်​ယောင်ဖြစ်သွားပြီး နားရွက်​တွေကလည်းပန်း​ရောင်သမ်း​နေတယ် ခန​လောက်အကြာမှာမှသူကစကားတစ်ခွန်းပြန်​ပြောလိုက်တယ်
"အရှက်ကိုမရှိဘူး..."

"​ဟေး...ကျွန်မကဘာကိုအရှက်မရှိတာလဲ.." ရှီရှန်းကမတ်တပ်ထရပ်လိုက်ပြီး စားပွဲကိုလက်နှစ်ဖက်နဲ့​ထောက်ထားကာ သူမရဲ့ခန္ဓာကိုယ်ကို ပုကျင်းယွင်ဘက်ကို​တိုးကပ်လိုက်တယ် "ဒီမှာ...ရှင့်ခန္ဓာကိုယ်ကိုကျွန်မထိ​​တောင်မထိရ​သေးဘူး​နော်...အကျိုးသင့်အ​ကြောင်းသင့်​ပြော.."

ပုကျင်းယွင်ကဆွံ့အသွားပုံ​ပေါ်ပြီး ဟန်ချက်ပျက်သွားကာ သူထိုင်​နေတဲ့ထိုင်ခုံ​ပေါ်က​နေ​တောင်ပြုတ်ကျသွားတယ်
သူကတစ်ကိုယ်လုံးကိုလှိုက်စား​နေတဲ့နာကျင်မှုကို​တောင့်ခံပြီး​ခေါင်းငုံ့ထားကာ အံကြိတ်ပြီး​ပြောလိုက်တယ်
"အပြင်ထွက်.."  အံကြိတ်ရင်း​ပြောထားတာ​ကြောင့်သူ့အသံကလုံး​ထွေး​နေတယ်
ရှီရှန်းကသူ့ကိုထူ​ပေးဖို့လုပ်​နေ​ပေမယ့် ဒီအသံကိုကြား​တော့ သူမရဲ့လက်က​ လေထဲမှာတန့်သွားတယ်  ရှီရှန်းက အခန်းထဲကချက်ချင်းထွက်သွားပြီး တံခါးကိုပါပိတ်သွားလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now