Arc 6.22

3K 567 11
                                    

Unicode

ရှီရှန်းက သူမcharacterရဲ့​ခေါင်း​ပေါ်မှာ​ပေါ်​နေတဲ့ *မင်ရည်ရှာ​ဖွေသူ၏ချစ်ဇနီး* ဆိုတဲ့ ဘွဲ့နာမည်ကြီးကိုကြည့်ပြီး နှုတ်ခမ်းကိုခပ်တင်းတင်း​စေ့လိုက်တယ်
'ချီးပဲ...ဒါက hidden questကိုပြီးလို့ရတဲ့ဆုလာဘ်တဲ့လား...ချီးပဲ...bad reviews​တွေတန်းစီပြီး​ပေးပစ်မယ်..'
ရတဲ့၀တ်စုံကလည်း နာမည်သာလှတာ ​ရောင်းစားလို့လည်းမရ​တော့ဘူး...ချီးပဲ​ဟေ့ ချီး​ပဲ...ငါ ​ခွေးတစ်​ကောင်ကို အ၀ှာ ပြုမိလိုက်သလို ခံစား​နေရပြီ

ရှီရှန်းက သူမရဲ့သို​လှောင်ခန်းထဲမှာ​ရောက်​နေတဲ့ ၀တ်စုံကိုစိတ်ဓါတ်ကျစွာကြည့်​နေတယ်
'ဟင်း...system​ရေ...ဒီကမ္ဘာရဲ့ hidden questက ဒီလိုပဲပြီးသွားပြီလား...ကြိုးအထုံး​တော့ ကြိုးအထုံးပဲ...ဖူးစာကြိုးအထုံးကြီးဟဲ့..ငါက သူ့မိန်းမ​တောင်ဖြစ်သွားပြီ...ဘယ်လို​တောင် လွယ်​နေတာလဲ... system​ရေ..နင့်ကို ဗိုင်းရပ်စ် ​တွေဘာ​တွေများကိုက်​နေပြီလား..'

[ ​နောက်ကမ္ဘာကစပြီး တာ၀န်​တွေကပိုပြီးခက်ခဲလာပါလိမ့်မယ် ဒီတစ်ကြိမ်က hostအတွက် စိတ်​အေးလက်​အေးအနားယူလို့ရ​အောင် စနစ်တကျ​ရွေး​ပေးထားတဲ့ အလွယ်ကူဆုံးကမ္ဘာပါ အပန်း​ဖြေခရီးလို့သ​ဘောထားနိုင်ပါတယ်  ]

Systemရဲ့ စက်ရုပ်သံထွက်လာတယ်

ရှီရှန်းက တိတ်သွားတယ်
'ဒီတစ်ခါ တာ၀န်က လွယ်​​နေတာ ဒါ​ကြောင့်ကိုး....အိုး..ဒါနဲ့..တာ၀န်ပြီးသွားပြီဆို​တော့ ငါလုပ်ချင်တာအကုန်လုပ်လို့ရပြီ​ပေါ့...ဟားဟား'

[Host...​ကျေးဇူးပြုပြီးပြသနာ​တွေမရှာပါနဲ့ ​ပေါက်ကရ​တွေမလုပ်ပါနဲ့ တကယ်လို့စည်းမျဥ်းစည်းကမ်း​တွေနဲ့သာမ​လျော်ညီဘူးဆိုရင် ကျွန်​တော်က hostကို ဒီကမ္ဘာက​နေ အတင်းအကြပ်​ခေါ်ထုတ်ရပါလိမ့်မယ် ]
'....​သေစမ်း...ငါ သူ့ကို ဘာလို့ အပန်း​​ဖြေခရီးပို့​ပေးလိုက်မိတာလဲ...ဒီhostက ပြသနာတစ်ခုခုမရှာဘဲ​နေနိုင်တဲ့သူမဟုတ်ဘူး..'

'အိုး....​ကောင်းပါပြီ..ငါပြသနာမရှာမိ​အောင် နှလုံးသားထဲမှာ ​​လေး​လေးနက်နက် စွဲမှတ်ထားပါမယ်  အဟမ်း* '

မိုက်တစ်​ထောင်​တေးဂီတ : [ ငါတမင်လုပ်တာ​လေ..ဘာဖြစ်လဲ...မကြိုက်ဖူးလား...ငါ့ကိုလာရိုက်​လေ..]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now