Arc 8.11

3.6K 702 33
                                    

Unicode

အန်းစုကပတ်ပတ်လည်ကိုအမြန်ကြည့်လိုက်တယ် အလင်း​ရောင်ကမှိန်​ဖျော့​နေ​ပေမယ့် အခန်းထဲကိုမြင်ရဖို့​တော့လုံ​လောက်ပါတယ် သူမကအခုခုံတစ်ခုံမှာကြိုး​တွေနဲ့အတုပ်ခံထားရတယ်

နံရံ​တွေ​ပေါ်မှာလည်း သံကြိုး​တွေချိတ်ထားတယ် ကြမ်းပြင်​ပေါ်မှာလည်း ​​ခြောက်​သွေ့​နေတဲ့သွေးစက်​တွေရှိ​နေပြီး အခန်းထဲမှာ ပုပ်အက်အက်​သွေးညှီနံ့နံ​နေတယ်
အခန်းက ​ရှေး​ခေတ်တုန်းကအကျဥ်းသား​တွေကိုနှိပ်စက်တဲ့​နေရာနဲ့တူ​နေတယ်

'ငါဘယ်ကို​ရောက်​နေတာလဲ
....ဒီ​ခေတ်မှာ ဒီလို​နေရာမျိုးရှိ​သေးတယ်​ပေါ့...'

" သခင်မချီဘယ်မှာလဲ..."
'သူမနဲ့ငါနဲ့တူတူရှိ​နေတာမဟုတ်ဖူးလား..သူမကိုဘာလို့မ​တွေ့တာလဲ...'

ရှီရှန်းကသူမကို​လှောင်လိုက်တယ်
''နင့်ကိုဒီ​ခေါ်လာတာဘယ်သူလို့ထင်​နေတာလဲ..''

အန်းစုကမယုံနိုင်မှု​ကြောင့်မျက်လုံး​တွေပြူးကျယ်လာတယ်
'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သခင်မချီက အရမ်းနူးညံ့ပြီးသ​ဘော​ကောင်းတဲ့သူပါ..သူမကငါ့ကိုဘာလို့ပြန်​ပေးဆွဲရမှာလဲ... သူမနဲ့ငါ့ကြားမှာ ဘာရန်ငြှိုးမှလည်းမရှိဘူး​လေ..'

ရှီရှန်းကအခန်းထဲမှာ​လျှောက်သွား​နေတာ​ကြောင့် နံရံမှာချိတ်ထားတဲ့သံကြိုး​တွေကလှုပ်ခတ်ကုန်ကြပြီးတချွင်ချွင်မြည်လာကြတာ​ကြောင့် တိတ်ဆိတ်​နေတဲ့အခန်းထဲမှာ​ခြောက်ခြားစရာ​ကောင်း​နေတယ်

ကျွီ........

အဲ့ဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး အထက်တန်းကျကျ၀တ်စားထားပြီးကျက်သ​ရေရှိရှိပြင်ဆင်ထားတဲ့အမျိုးသမီးတစ်​ယောက်ကလင်​ဗန်းတစ်ချပ်ကိုကိုင်ပြီး၀င်လာတယ်

အဲ့ဒီအမျိုးသမီးကိုမြင်လိုက်တာနဲ့ အန်းစုရဲ့​နောက်ဆုံး​မျှော်လင့်ချက်ဟာလည်းပြိုလဲသွားတော့တယ်
'တကယ်ကိုသူမဖြစ်​နေတာပဲ....'

ရှီရှန်းကအခန်း​ထောင့်မှာတိတ်တိတ်​လေးရပ်​နေတာ​ကြောင့် သခင်မချီက သူမရှိ​နေတာကိုသတိမထားမိဘဲ အန်းစုဆီကိုတည့်တည့်​လျှောက်သွားပြီး လင်ဗန်းကို အန်းစုရဲ့ထိုင်ခုံ​ဘေးနားစားပွဲ​ပေါ်တင်လိုက်ကာ ဗန်းထဲမှာပါသမျှပစ္စည်း​တွေကို အန်းစုကိုရှင်းရှင်းလင်းလင်းမြင်ရ​စေလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now