Arc 7.6

4.4K 694 6
                                    

Unicode

အဆုံးမှာ​တော့ ချင်လန်ယွဲ့က ချင်​ခွေ့သေဆုံးမှုရဲ့​တရားခံ​တွေကိုဖမ်းမိသွားပြီး မူလဇာတ်​ကြောင်းမှာလိုပဲ သူတို့ရဲ့ အမျိုးသားအင်္ဂါ​တွေကိုမသန်စွမ်း​တော့​အောင်လုပ်ပစ်လိုက်တယ်  ရလဒ်အ​နေနဲ့ အဲ့ဒီသူ​တွေရဲ့ အိမ်​တော်အသီးသီးက သူမကို လက်စား​ချေဖို့​ချောင်း​မြောင်း​နေကြ​တော့တာပဲ သူမက ​သေလုနီးပါး အ​ခြေအ​နေက​နေ အမြဲတမ်း ကပ်သီး​လေး လွတ်​မြောက်လာရတယ်
ဒါ့အပြင် အမျိုးသားဇာတ်လိုက်ကလည်း သူမအတွက် ကိစ္စ​တွေကိုပိုခက်ခဲလာ​အောင်လုပ်​လေ့ရှိတယ် ဒီ​နေ့ရက်​တွေဟာ ချင်လန်ယွဲ့အတွက်​တော့ကံဆိုးမိုး​မှောင်ကျတဲ့အချိန်​တွေပဲ...

ရှီရှန်း​တောင်မှ ဇာတ်လိုက်မရဲ့မလွယ်ကူ​သော ဘ၀ အတွက် ခံစားမိလာရတယ်
'မိုက်လိုက်တာသမီးရယ်...လက်စား​ချေမယ်ဆိုလည်း အစကတည်းကသက်​သေမကျန်​အောင်လုပ်မှ​ပေါ့..'

"ငါ့​နောက်ကိုဘာလို့လိုက်​နေတာလဲ...​စောက်​ကောင်!!! "
ချင်လန်ယွဲ့ကကျွင်းဟန်လင်းကို ရိုက်ဖို့ရွယ်လိုက်တယ်
'ငါ ဒီ​နေ့တင် ​သေလုနီးပါးဖြစ်​နေပြီ...ဒီကျက်သတုံး​ကောင်က ငါ့ကိုပြသနာ​တွေ​ပေး​နေတုန်းပဲ'

ကျွင်းဟန်လင်းကတစ်ချက်တွန့်သွားတယ် သူ့မျက်လုံးထဲမှာ လူသတ်ချင်တဲ့အရိပ်အ​ယောင်​တွေ​ပေါ်လာ​ပေမယ့် ​ခေါင်းကိုငုံ့ပြီး တုံတိဘာ​ဝေပုံစံပြန်​ပြောင်းလိုက်တယ်
"မိန်းမ...စိတ်မဆိုးပါနဲ့... လူဆိုး​တွေကို ကိုယ်ရိုက်သတ်​ပေးပါမယ်.."

ချင်လန်ယွဲ့က​​ဒေါသတကြီး​အော်လိုက်တယ်
"နင်က ဘယ်သူ့ကိုရိုက်သတ်နိုင်လို့လဲ...​စောက်ရူး​ကောင်...ငါ့​နောက်ကိုမလိုက်ခဲ့နဲ့..."

​ဒေါသူပုန်ထ​နေတဲ့ချင်လန်ယွဲ့က အမျိုးသားဇာတ်လိုက်ကို ချန်ခဲ့ပြီး ၀ုန်းဒိုင်းကြဲထွက်သွားတယ်
ကျွင်းဟန်လင်းက သူ့မြင်ကွင်ထဲက​နေ ချင်လန်ယွဲ့​လုံး၀ပျောက်သွား​တော့မှ  သူ့ရဲ့ထက်မြက်​အေးစက်တဲ့ ပုံစံကိုပြန်​ပြောင်းပြီး ချင်လန်ယွဲ့ထွက်သွားတဲ့ဘက်ကို စူးရှစွာစိုက်ကြည့်​နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now