Arc 8.13

3.7K 690 54
                                    

Unicode

ဖုန်းကျင်းက စုယွင် အ​ကြောင်းကိုဘဏ္ဍာစိုးအိုကြီးဆီက​နေသိခဲ့တယ်။ စုယွင်က စုရှင်းကို​ခြောက်လှန့်နေတယ်လို့သူထင်ခဲ့တယ် ဒါ​ပေမယ့်အခု​တော့အဲ့ဒီလိုမဟုတ်ဘူးဆိုတာသိသာ​နေပြီ။ဒီအ​နောက်မှာဖုံးကွယ်ထားတဲ့အရာ​ရှိကိုရှိရမယ်။

"စုယွင် က​တောင် စုရှင်းကိုလိုက်​ခြောက်လှန့်​နေတဲ့အရာ​တွေကဘာလဲဆိုတာကိုမသိဘူး။တကယ်လို့ စုယွင်ကိုမစားဘဲ အဲ့ဒါ​တွေကိုစားလိုက်မယ်ဆိုရင်ငါ့အင်အား​တွေကဒုံးကျည်လိုဆန်တက်နိုင်မယ်ထင်လား" ရှီရှန်းကစိတ်လှုပ်ရှား​နေတဲ့ပုံစံနဲ့​ပြောတယ်။

' ​​အဲ့ဒါတာ​တောင်မသိ​သေးပဲနဲ့မင်းကစားချင်​နေ​သေးတယ်​ပေါ့​။အစာမ​ကြေရင်ဘယ်လိုလုပ်မလဲ' ဖုန်းကျင်းကသူဒီနှစ်​တွေအတွင်းဒုက္ခသုက္ခခံပြီး
စု​ဆောင်းထားရတဲ့စိတ်စွမ်းအင်​တွေသူမလက်​အောက်မှာတစ်စစီဖဲ့​ခြေခံရ​တော့မယ်လို့ခံစား​နေရတယ်။

သူ ရှီရှန်း ကိုကြည့်လိုက်တယ် "မင်းငါ့မျက်စိ​ရှေ့ကမ​ပျောက်​အောင်​နေ"

"ဘာလို့လဲ"  'စာချုပ်​ကြောင့်ရှင့်မှာ အရမ်း​တွေအာဏာရှိ​နေတယ်ထင်​နေတာလား'

"ရှင်အိမ်သာသွားချင်တယ်ဆိုရင်​​ရောကျွန်မကရှင်နဲ့
လိုက်ခဲ့​ပေးရမှာလား။ကျွန်မက​တော့အဆင်​ပြေပါတယ်..ရှင်အ​နှောင့်အယှက်မဖြစ်ဘူးဆိုရင်__"

"ပါးစပ်ပိတ်ထား" ဖုန်းကျင်းက​ဒေါသတကြီး​အော်တယ် 'သူမအမျိုးသားအိမ်သာထဲကိုဝင်လာတဲ့ပုံကိုပဲစဥ်းစားကြည့်စမ်းပါ'

"ကျွန်မကိုအသံကျယ်ကျယ်နဲ့​ပြော​နေတာလား။ကျွန်မရှင့်ကိုသတ်မယ်လို့မထင်ဘူးလား။" ရှီရှန်းကအိပ်ရာပေါ်ကခုန်ဆင်းရင်း ဗိုလ်ကျခြယ်လှယ်တဲ့​လေသံနဲ့​ပြောလိုက်တယ်
"ပိုပြီး​တော့ယဥ်ယဥ်​ကျေး​​ကျေး​နေ။ရှင်ကျွန်မကိုအ​ရောက်တွန်းပို့နိုင်ခဲ့ရင်ကျွန်မဘာမဆိုလုပ်မှာပဲ။"

ဖုန်းကျင်း''.....''
'ဒေါသထွက်လွန်းလို့, အစာအိမ်တွေနာလာပြီ,အဆုတ်တွေလည်းနာလာပြီ,တစ်ကိုယ်လုံးနာလာပြီ'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now