Arc 7.8

4.3K 716 23
                                    

Unicode

ကုန်း​​မြေကိုးပါးခန်းမ နဲ့ ​ကျောင်း​တော် နှစ်ဖက်လုံးကသူ​တွေက သံတမန်​ရေးဆွေး​နွေး​နေကြတယ်

ရုတ်တရပ် မီးကျွမ်းခံလိုက်ရတဲ့ပုံနဲ့မဲတူးစုတ်ပျက်​နေတဲ့ လူတစ်​ယောက်က အသဲအသန်​အော်ပြီး​ပြေးလာတယ်

"သက်​တော်​စောင့်​ခေါင်း​ဆောင်!!!! မ​ကောင်း​တော့ဘူး...ခန်းမသခင်..ခန်းမသခင်..ပြန်​ပေးဆွဲခံလိုက်ရပြီ..."

​ကျောင်း​တော် ကိုယ်စားလှယ်​တွေက အချင်းချင်း အကြည့်​တွေဖလှယ်လိုက်ကြတယ်
'ပုကျင်းယွင်???..'

'သူတကယ်ကြီးလာတယ်​ပေါ့...ပြီး​တော့ ပြန်​ပေးဆွဲခံလိုက်ရတယ်..ဘယ်သူကများ ဒီလိုလုပ်ရဲတာလဲ....'

"ဘယ်သူလုပ်တာလဲ..." သက်​တော်​စောင့်​ခေါင်း​ဆောင်က  လာ​ပြောတဲ့လူကိုဆွဲလိုက်တယ် "မင်းတို့....သခင့်ကို ဘာလို့မကာကွယ်နိုင်ခဲ့တာလဲ..သူက..."

သက်​တော်​စောင့်​ခေါင်း​ဆောင်က အပြင်လူ​တွေရှိ​နေတာကိုသတိရသွားပြီး သူ့ပါးစပ်ကိုအမြန်ထိန်းလိုက်တယ်
သူက သူ့ရဲ့စိတ်လှုပ်ရှားမှုကို မနည်းဖိနှိပ်ပြီး​​ကျောင်း​တော်အကြီးအကဲ​တွေကို ခွင့်​တောင်းလိုက်တယ် "ခွင့်ပြုပါခင်ဗျာ..ကျွန်​တော်တို့မှ အတွင်း​ရေးဖြေရှင်းစရာကိစ္စတချို့ရှိ​နေလို့ပါ.. ပြိုင်ပွဲအမှီပြန်လာခဲ့ပါ့မယ်.."

"အကူအညီတစ်ခုခုလို​သေးလားခင်ဗျာ.." ​ကျောင်း​တော်ဘက်က အကြီးအကဲတစ်​ယောက်က စိတ်ပူချင်​ယောင်​ဆောင်ပြီး​ပြောလိုက်တယ်
ဒါ​ပေမယ့် သူ့ရဲ့အ​ရောင်တဖျတ်ဖျတ်လတ်​နေတဲ့မျက်လုံး​တွေက​တော့ သူတကယ်တမ်းဘာ​တွေး​နေတယ် ဆိုတာကို​ပေါ်လွင်​နေ​စေတယ်..
'ဟားဟား...အာဏာရူး​ကောင်ပုကျင်းယွင်လည်း ဒုက္ခ​ရောက်တဲ့အချိန်ရှိ​သေးတယ်​​ပေါ့..'

"အကြီးအကဲရဲ့ဂရုစိုက်မှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒါပေမယ့် ဒီကိစ္စကို ကျွန်​တော်တို့ဘာသာ ​ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်..."
သက်​တော်​စောင့်​ခေါင်း​ဆောင်က ​အေးစက်စွာငြင်းဆိုလိုက်တယ်
"သွားမယ်.."

​ကျောင်း​တော်နယ်​မြေရဲ့အပြင်ကို​ရောက်မှ သက်​တော်​​စောင့်​ခေါင်း​ဆောင်က​ သူ့​အောင့်အည်းထားရတဲ့မေးခွန်း​တွေကို အဆက်မပြတ်​မေးမြန်း​တော့တယ်..
"တခြားလူ​တွေကဘယ်​ရောက်ကုန်တာလဲ..သခင်က ဘယ်လိုလုပ်ပြီးပြန်​ပေးဆွဲခံလိုက်ရတာလဲ...​စောက်​ရေးထဲမှာမင်းတို့​ကောင်​တွေက ဘာလုပ်​နေကြတာမို့လို့လဲ..."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now